Connect with us

Hi, what are you looking for?

သတင်း

ရှမ်း​မြောက်တွင် ယမန်​နေ့ညကတိုက်ပွဲပြင်းထန်

မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် စယ်လန့်ရွာ၌ ယနေ့ည ၈ နာရီခန့်မှစ၍ ပြင်းထန်သည့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်၏ လားရှိုးမြို့အနီး မိုင်းကျက်စခန်းကို ​ညီ​နောင်မဟာမိတ်အဖွဲ့များကသိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သော ​ဟောင်ဝပ်ဇာ တစ်လက်နှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်၏ လားရှိုးမြို့အနီး မိုင်းကျက်စခန်းကို ​ညီ​နောင်မဟာမိတ်အဖွဲ့များကသိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သော ​ဟောင်ဝပ်ဇာ တစ်လက်နှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ လားရှိုးနှင့် သီပေါမြို့နယ်တို့တွင် ယမန်​နေ့ညက တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် စယ်လန့်ရွာ၌ ယနေ့ည ၈ နာရီခန့်မှစ၍ ပြင်းထန်သည့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများကပြောသည်။

ပြည်ထောင်စုလမ်းမကြီးအတိုင်း တဆက်ထဲရှိနေသည့် ကျောက်မဲ ၊သီပေါ၊ လားရှိုးမြို့နယ်တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာပစ်ခတ်နေကြောင်း သတင်းရရှိသည်။

” သီပေါမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒီညမီးလောင်နေတယ်။ စစ်တပ်ကလက်နက်ကြီးတွေ ပစ်နေတယ်” ဟု သီပေါမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေသည်ဟု ယမန်နေ့ည ၉နာရီခန့်အခြေအနေကို ဒေသခံများကပြောသည်။

ထိုအပြင်ယမန်​နေ့( နိုဝင်ဘာလ ၃၀ ရက် )နံနက်၈နာရီခွဲခန့်တွင်လည်း MNDAA က နယ်စပ် မှတ်တိုင် (၁၂၆ ၊ ၁၂၇)သို့ ချီတက်လာခဲ့ပြီး တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့​ကြောင်း MNDAA ကထုတ်ပြန်သည်။

ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်​ရေးစတင်ချိန်မှယခုအချိန်အထိ့တပ်စခန်းအကြီး အသေး စုစုပေါင်း ၂၂၀ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး ချင်း‌ရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း နှင့် ကုန်းကြမ်း စသည့် မြို့နယ်(၅)ခုကိုသိမ်းပိုက်ရရှိခဲ့သည့်အပြင် ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစန်းကျော် နေရာရှိ နယ်စပ်ဂိတ် (၄)ခုကိုလည်းသိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။