သတင်း စစ်ကိုင်းနယ်မြောက်ခြမ်းတိုက်ပွဲ PDF ရဲဘော်လေးဦးကျဆုံး တိုက်ပွဲများကြောင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ LuduNwayOoမေ 21, 2023
သတင်း မုန်တိုင်းသင့်မြန်မာပြည်သူများအတွက် အာဆီယံ ၏အရေးပေါ်တုန့်ပြန်မှုအကူအညီများ ပေးပို့ ယခုအကူအညီပေးပို့မှုများမှာ ၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ကတိကဝတ်နှင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် မကြာသေးမီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်နှင့်အညီဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoမေ 21, 2023
သတင်း ရွှေဘိုနယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်အား ငါးရက်အတွင်းသုံးကြိမ်တိုက်ခိုက် မေလ ၁၉ ရက် နေ့လည် ၂နာခန့်က ရွှေဘိုမြို့နယ်၊ ကိုးပင်ရွာလမ်းခွဲတွင် ကင်းပုန်းဝပ်နေသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီး ၁၀လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့်သုံး ကြိမ်တိုင် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF - ARMY တပ်ဖွဲ့က ပြောသည်။ LuduNwayOoမေ 21, 2023
သတင်း မုန်တိုင်းသင့်ပြည်သူများကို အာဆီယံကူညီရာတွင် တရားမျှတရန် NUG တိုက်တွန်း အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ(AHA Centre)က အာဆီယံ၏ အစီအစဉ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေမှုကို ယနေ့ စတင်မည်ဖြစ်သောကြောင့် ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယင်းကဲ့သို့တိုက်တွန်းခြင်းဖြစ်သည်။ LuduNwayOoမေ 21, 2023
သတင်း စစ်ကောင်စီတပ်က ခင်ဦးနယ်ရှိ ကံသစ်ကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၇၀ ကျော်ပြာကျ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ကျေးရွာ(၇၄)ရွာအထိ ရှိလာခဲ့ပြီး နေအိမ် ၅၀၀၀ကျော် ပြာကျပျက်စီးက ဒေသခံ ပြည်သူ ၃၀,၀၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။ LuduNwayOoမေ 21, 2023
သတင်း ရေးမြို့နယ်မြောက်ပိုင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ နှစ်ရက်ဆက် တိုက်ပွဲဖြစ် မေလ ၁၉ရက်မွန်းလွဲ ၃နာရီခွဲမှစ၍ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ယမန်နေ့(မေလ ၂၀ရက်)တွင်လည်း ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။ LuduNwayOoမေ 21, 2023
သတင်း ရွေးကောက်ပွဲဒုညွှန်ချုပ်ပစ်သတ်ခံရမှု လူ ၁၀ ဦးကို ရန်ကုန်မှာ စစ်ကောင်စီဖမ်းဆီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဒုညွှန်ချုပ် ဦးစိုင်းကျော်သူဟာ ပြီခဲ့တဲ့ ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာဆေးရုံအနီးမှာ ကားမောင်းနေရင်း ပစ်ခတ်ခံရတာပါ။ LuduNwayOoမေ 21, 2023
သတင်း ခင်ဦးတွင် စစ်ကောင်စီထုတ်ကုန် အရက်၊ ဘီယာ စစ်ဆေးတွေ့ရှိ၍ ပအဖအဖွဲ့ ဖျက်ဆီး သိမ်းဆည်းရမိသော ပစ္စည်းများအားလုံးကို တော်လှန်ရေးအင်အားစုများမှ အများပြည်သူ များ၏ ရှေ့မှောက်တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 21, 2023
သတင်း တရားဥပဒေနဲ့ မညီတဲ့ လက်နက် တင်ပို့မှုတွေကို မဆိုင်းမတွ အရေးယူမယ်လို့ စင်ကာပူပြော ကုလသမဂ္ဂရဲ့ စာရင်းတွေအရ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂၀၀ ကျော် အပါအဝင် အရပ်သားပြည်သူ ၃၀၀၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ LuduNwayOoမေ 20, 2023
သတင်း ဗန်းမောက်နယ် ကြောင်လည်ရွာအနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မေလ ၂၀ရက် နံနက် ၁၀နာရီမှ ညနေပိုင်းအထိ ကြောင်လည်ရွာနှင့် မံထွန်ကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 20, 2023