Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦးကျဆုံး

ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၆နာရီခန့်က ဘုတလင်မြို့ပေါ်မှလာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယုန်လှေးကုန်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

(ပြီးခဲ့သည့် ဧပြီလဆန်းက ယုန်လှေးကုန်းရွာရှိ နေအိမ်အချို့အား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ - ရွာဇော်ကြီး)
(ပြီးခဲ့သည့် ဧပြီလဆန်းက ယုန်လှေးကုန်းရွာရှိ နေအိမ်အချို့အား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ - ရွာဇော်ကြီး)

ကျေးရွာစာသင်ကျောင်းနှင့် ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးပြီး ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၆နာရီခန့်က ဘုတလင်မြို့ပေါ်မှလာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယုန်လှေးကုန်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

ထိုအချိန် ကျေးရွာတွင်းရှိ တိုက်နယ်(၈)မှ ပကဖရဲဘော်တစ်ဦးက စတင်ပစ်ခတ်ရာမှ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ် ကျည်ထိမှန်ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ရွာဇော်ကြီး-တော်လှန်အသံအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ပကဖရဲဘော်များ၏ ဆိုင်ကယ် ၆စီးအား ‌ ​ကျေးရွာစာသင်ကျောင်းအတွင်း မီးပုံရှို့ခဲ့၍ စာသင်ဆောင်ပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“PDF အဖွဲ့ဘက်က စပစ်တော့ ဟိုဘက်ကပြန်ပစ်တာ။PDF ဆိုင်ကယ်တွေတော့ မီးနဲ့ရှို့သွားတယ်။နေအိမ်တွေတော့ မီးရှို့မခံရဘူး။ ပစ္စည်းတွေလည်း ပါသွားလောက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် မီးရှို့ဖျက်ဆီးပြီးနောက် ဘုတလင်မြို့သို့ ပြန်သွားကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်နှင့် ၂၁ရက်ကလည်း မြို့ပေါ်ရှိ ရဲစခန်း၊ စစ်ဆေးရေးဂိတ်၊ မီးသတ်ရုံးနှင့် သစ်တောရုံးအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာလေးခုအား PDFများက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။