Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦးကျဆုံး

ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၆နာရီခန့်က ဘုတလင်မြို့ပေါ်မှလာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယုန်လှေးကုန်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

(ပြီးခဲ့သည့် ဧပြီလဆန်းက ယုန်လှေးကုန်းရွာရှိ နေအိမ်အချို့အား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ - ရွာဇော်ကြီး)
(ပြီးခဲ့သည့် ဧပြီလဆန်းက ယုန်လှေးကုန်းရွာရှိ နေအိမ်အချို့အား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ - ရွာဇော်ကြီး)

ကျေးရွာစာသင်ကျောင်းနှင့် ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးပြီး ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၆နာရီခန့်က ဘုတလင်မြို့ပေါ်မှလာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယုန်လှေးကုန်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

ထိုအချိန် ကျေးရွာတွင်းရှိ တိုက်နယ်(၈)မှ ပကဖရဲဘော်တစ်ဦးက စတင်ပစ်ခတ်ရာမှ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ် ကျည်ထိမှန်ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ရွာဇော်ကြီး-တော်လှန်အသံအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ပကဖရဲဘော်များ၏ ဆိုင်ကယ် ၆စီးအား ‌ ​ကျေးရွာစာသင်ကျောင်းအတွင်း မီးပုံရှို့ခဲ့၍ စာသင်ဆောင်ပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“PDF အဖွဲ့ဘက်က စပစ်တော့ ဟိုဘက်ကပြန်ပစ်တာ။PDF ဆိုင်ကယ်တွေတော့ မီးနဲ့ရှို့သွားတယ်။နေအိမ်တွေတော့ မီးရှို့မခံရဘူး။ ပစ္စည်းတွေလည်း ပါသွားလောက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် မီးရှို့ဖျက်ဆီးပြီးနောက် ဘုတလင်မြို့သို့ ပြန်သွားကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်နှင့် ၂၁ရက်ကလည်း မြို့ပေါ်ရှိ ရဲစခန်း၊ စစ်ဆေးရေးဂိတ်၊ မီးသတ်ရုံးနှင့် သစ်တောရုံးအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာလေးခုအား PDFများက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။