Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့​ရောက် စစ်တပ်နှင့်ပျူပူး​ပေါင်းစစ်​ကြောင်းကို PDF များတိုက်ခိုက်

အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ယနေ့အောက်တိုဘာလ ၂၅ရက်နံနက် ၇နာရီခန့်တွင်တန့်တည်မြို့လမ်းဆုံ စျေးသစ်အနီး၌PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တန့်ဆည် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-တန့်ဆည်PDF)
(တန့်ဆည် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-တန့်ဆည်PDF)

▪︎စစ်​ကောင်စီတပ်ကတန့်ဆည်မြို့လမ်းဆုံကိုပိတ်ထား၍ ခရီးသည်တင်ကားနှင့် ကုန်ကားများ​ရောက်သည့်​နေရာရပ်ထားရန် PDF များသတိ​ပေး

တန့်ဆည်မြို့ပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် နှစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ယနေ့အောက်တိုဘာလ ၂၅ရက်နံနက် ၇နာရီခန့်တွင်တန့်တည်မြို့လမ်းဆုံ စျေးသစ်အနီး၌PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” မိုင်းဆွဲတာ ထိတယ်။ နှစ်ယောက်သေတယ်ကြားတယ်။ သူတို့ ပြန်ဆုတ်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်သည်စျေးသစ်အနီးရှိ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်အပါအဝင် ဒေသခံများ၏နေအိမ်အချို့နှင့်စာသင်ကျောင်းအချို့ကို မွှေနှောက်ပြီး မီးရှို့ ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ယနေ့ ညနေတွင် စစ်ကောင်စီတပ်က တန့်ဆည်မြို့ လမ်းဆုံကိုပိတ်ထားသောကြောင့် ခရီးသည်တင်ကားများနှင့် ကုန်ကားများ ရောက်သည့်နေရာရပ်တန့်ထားပေးကြရန် PDFများကသတိပေးထားသည်။

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်က ထွေအုပ်ရုံး၊ လဝကရုံးနှင့် ယင်းနေရာအနီးရှိ ဒေါင်းမင်းဆီဆိုင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် ၂၃ ဉီး သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက​ပြောသည်။ တိုက်ပွဲအတွင်း ရွှေဘိုခရိုင်တပ်ရင်း(၆)မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ လေးဦးဒဏ်ရာရခဲ့သည်။

တိုက်ခိုက်ခံရပြီး​နောက် စစ်ကောင်စီတပ်က ထွေအုပ်ရုံး၊လဝကရုံး နှင့် ဒေါင်းမင်းဆီဆိုင်တို့၌ မနေတော့ဘဲ ရဲစခန်း၊ ဘောလုံးကွင်းနှင့် ‌စာသင်ကျောင်းများ၌သာ တပ်စွဲနေထိုင်ခဲ့သည်။ ယခုအခါ တန့်ဆည်မြို့ပေါ်သို့ တကျော့ပြန်ဝင်လာခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံများ ဘေးလွတ်ရာထွက်‌ေပြးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။