Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့သို့ စစ်​ကောင်စီတပ်နှင့် ပျူ ပူး​ပေါင်းစစ်​ကြောင်းထိုးလာ၍ ​ဒေသခံပြည်သူများထွက်​ပြေးတိမ်း​ရှောင်

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည်ယနေ့နံနက်တွင် တန့်တည်မြို့့လမ်းဆုံ စျေးသစ်အနီးရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းအချို့ကို မွှေနှောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

(တန့်ဆည်မြို့ကို Google Earth တွင်​တွေ့ရမှု)
(တန့်ဆည်မြို့ကို Google Earth တွင်​တွေ့ရမှု)

တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်မှအရာရှိအချို့အပါအဝင် ၂၀ ​ကျော် သေဆုံးခဲ့သည့် တိုက်ပွဲအပြီး တစ်လခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်း ပြန်ဝင်လာ၍ ဒေသခံများ ဘေးလွတ်ရာထွက်‌​ပြေးတိမ်းရှောင်နေကြရကြောင်း ​ဒေသခံအချို့နှင့် ပျူများက​ပြောသည်။

တန့်ဆည်မြို့နယ်၊ ကာဘိုးဆည်ဘက်သို့ အောက်တိုဘာလ ၂၄ရက် နံနက်မှစ၍ ‌ စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်လာခြင်းဖြစ်သည်။

“ပျူတွေပိုများပါတယ်။ကန့်ဘလူဘက်ကနေဝင်လာတာ။ လမ်းတ‌လျှောက်က ဒေသခံတွေကို ဘေးလွတ်ရာ တိမ်းရှောင်ခိုင်းထားရပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်က ထွေအုပ်ရုံး၊ လဝကရုံးနှင့် ယင်းနေရာအနီးရှိ ဒေါင်းမင်းဆီဆိုင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် ၂၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း ရွှေဘိုခရိုင်တပ်ရင်း(၆)မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက ထွေအုပ်ရုံး၊ လဝကရုံးနှင့်ဒေါင်းမင်းဆီဆိုင်တို့၌ မနေတော့ဘဲ ရဲစခန်း၊ ဘောလုံးကွင်းနှင့် ‌စာသင်ကျောင်းများ၌သာ တပ်စွဲနေထိုင်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

” သူတို့က အဲ့ဒီနေရာပတ်ဝန်းကျင်မှာပဲနေပြီး အခုတခါ ပြန်ဝင်လာတာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည်ယနေ့နံနက်တွင် တန့်တည်မြို့့လမ်းဆုံ စျေးသစ်အနီးရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းအချို့ကို မွှေနှောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။