Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIO ဖွဲ့စည်းတည်ထောင်ခြင်းနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ သဝဏ်လွှာပို့

ကချင်လူမျိုးများနှင့် ကချင်ပြည်နယ်၏ လွတ်မြောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် စွမ်းစွမ်းတမံဖော်ဆောင်ကြိုးပမ်းရန် ရည်ရွယ်ချက်ဖြင့် KIOကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ ယနေ့ အောက်တိုဘာ ၂၅ရက်တွင် ကျရောက်သည့် (၆၃)နှစ် မြောက် KIO ဖွဲ့စည်းတည်ထောင်ခြင်းနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ခဲ့ပြီး လွတ်မြောက်ရေး ကြိုးပမ်းမှုအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြသည့် ကချင်တိုင်းရင်းသားများ အားလုံးအတွက် ဦးညွှတ်အလေးပြုကြောင်း ဖော်ပြသည်။

ကချင်လူမျိုးများနှင့် ကချင်ပြည်နယ်၏ လွတ်မြောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် စွမ်းစွမ်းတမံဖော်ဆောင်ကြိုးပမ်းရန် ရည်ရွယ်ချက်ဖြင့် KIOကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အာဏာသိမ်းမှုများကြောင့် ရည်မှန်းချက်များ ဖျက်ဆီးခံရသည့်အတွက် KIO အနေဖြင့် ဘုံရန်သူဖြစ် သည့် အာဏာသိမ်းစစ်တပ်ကို အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲပြီး ရှေ့တန်းမှ တက်တက် ကြွကြွ ဦးဆောင်တော်လှန်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။

ယခုပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲဆောင်ရွက်နေသည့် အတွက် မကြာမီအနာဂတ်ကာလများတွင် ကချင်အမျိုးသားတို့ လိုလားတောင့်တနေကြသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အပြည့်အဝ အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်သည်ဟုလည်း သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ကချင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအပါအဝင် KIOမှ ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဖက်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာပါစေဟုလည်း သဝဏ်လွှာပေးပို့ ဆုတောင်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် KIO အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။