Connect with us

Hi, what are you looking for?

သတင်း

KIO ဖွဲ့စည်းတည်ထောင်ခြင်းနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ သဝဏ်လွှာပို့

ကချင်လူမျိုးများနှင့် ကချင်ပြည်နယ်၏ လွတ်မြောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် စွမ်းစွမ်းတမံဖော်ဆောင်ကြိုးပမ်းရန် ရည်ရွယ်ချက်ဖြင့် KIOကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ ယနေ့ အောက်တိုဘာ ၂၅ရက်တွင် ကျရောက်သည့် (၆၃)နှစ် မြောက် KIO ဖွဲ့စည်းတည်ထောင်ခြင်းနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ခဲ့ပြီး လွတ်မြောက်ရေး ကြိုးပမ်းမှုအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြသည့် ကချင်တိုင်းရင်းသားများ အားလုံးအတွက် ဦးညွှတ်အလေးပြုကြောင်း ဖော်ပြသည်။

ကချင်လူမျိုးများနှင့် ကချင်ပြည်နယ်၏ လွတ်မြောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် စွမ်းစွမ်းတမံဖော်ဆောင်ကြိုးပမ်းရန် ရည်ရွယ်ချက်ဖြင့် KIOကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အာဏာသိမ်းမှုများကြောင့် ရည်မှန်းချက်များ ဖျက်ဆီးခံရသည့်အတွက် KIO အနေဖြင့် ဘုံရန်သူဖြစ် သည့် အာဏာသိမ်းစစ်တပ်ကို အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲပြီး ရှေ့တန်းမှ တက်တက် ကြွကြွ ဦးဆောင်တော်လှန်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။

ယခုပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲဆောင်ရွက်နေသည့် အတွက် မကြာမီအနာဂတ်ကာလများတွင် ကချင်အမျိုးသားတို့ လိုလားတောင့်တနေကြသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အပြည့်အဝ အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်သည်ဟုလည်း သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ကချင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအပါအဝင် KIOမှ ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဖက်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာပါစေဟုလည်း သဝဏ်လွှာပေးပို့ ဆုတောင်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် KIO အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။