Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ရန်ရည်ရွယ်သည့် စစ်ကောင်စီကို ခုခံစစ်ဆင်တိုက်ပွဲများလုပ်ဆောင်ခဲ့ရဟု KIA စစ်ဦးစီးချုပ်ပြော

KIA စစ်ဦးစီးချုပ်သည် ကချင်၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများပါဝင်သည့် အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။

(အောင်ဂျာစခန်းသိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းကုန်းအား ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ကြည့်ရှု့စဉ်တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(အောင်ဂျာစခန်းသိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းကုန်းအား ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ကြည့်ရှု့စဉ်တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ရန် ရည်ရွယ်ချက်ဖြင့် နမ့်ဆန်ယန်ဂွင်အတွင်းသို့ စစ်ကောင်စီတပ်များ အခြေပြုနိုင်ရန် အင်အားတိုးချဲ့လှုပ်ရှားလာခဲ့မှုအပေါ် ခုခံစစ်ဆင်ခဲ့ရကြောင်း KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွန်းက ပြောကြားသည်။

KIA ဌာနချုပ် လိုင်ဌာအနီး နမ့်ဆန်ယန်ဒေသရှိ အောင်ဂျာစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)(KNA-Burma) တပ်ဖွဲ့များထံ KIA စစ်ဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပေးပို့သည့် စာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ဇွန်လ ၁၆ရက်မှစတင်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်များနှင့် တပ်မ (၈၈)ကွပ်ကဲမှုအောက် တပ်ရင်းများဝင်ရောက်ပစ်ခတ်မှုကို ခုခံရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များက အင်အား ထပ်မံတိုးချဲ့ ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲဂွင် ပိုမိုကျယ်ပြန့်လာပြီး မိမိတပ်များမှ ခုခံစစ်ကို အဓိကထားလုပ်ဆောင်ရကြောင်း KIA စစ်ဦးစီးချုပ်က အသိပေးသည်။

ယခုကဲ့သို့ ခုခံစစ်တိုက်ပွဲများအတွင်း KIA တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDF များနှင့် အတူ လက်တွဲ၍ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသည့် မဟာမိတ်တပ်ဖွဲ့ဝင်များ အသီးသီးနှင့် တာဝန်ရှိတပ်မှူးများအားလုံးကို KIA စစ်ရုံးချုပ်မှ အထူးကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင် အသိအမှတ်ပြုကြောင်း အကြောင်းကြားသည်ဟု စာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း ထပ်မံတိုက်တွန်းကြောင်း KIA စစ်ဦးစီးချုပ်က ပေးပို့သည့်စာ၌ ဖော်ပြထားသည်။

KIA စစ်ဦးစီးချုပ်သည် ကချင်၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများပါဝင်သည့် အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။

အောင်ဂျာဒေသ တိုက်ပွဲ၌ အောင်ပွဲရရှိခဲ့ခြင်းသည်အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့နံနက်တွင် အသိပေးထားသည်။

အဆိုပါ အောင်ပွဲသည် တော်လှန်ရေးအဖွဲ့အစည်းများ၏ ဌာနချုပ်များကို ခြိမ်းခြောက်လိုသည့် စစ်ကောင်စီ၏ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်သည့် အောင်ပွဲလည်းဖြစ်ကြောင်း၊ တော်လှန်ရေးထုအင်အားနှင့် ဆင်နွှဲသည့် မဟာဗျူဟာ ထိုးစစ်၏ ကနဦးခြေလှမ်းလည်းဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောကြားပြီး စစ်ကောင်စီတပ်သား ရာချီကို ချေမှုန်းနိုင်ခဲ့သည်ဟု အသိပေးသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲနေ့တွင် KIA စစ်ဦးစီးချုပ်နှင့် စစ်ဒေသမှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး ခေါင်လွန်းက PDF ရဲဘော်များကို ချီကျူးသကဲ့သို့ စခန်းသိမ်းပြီးနောက်ရက်တွင်လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး လက်နက်ငယ် သိမ်းဆည်းရရှိမှုမှာ PDF တပ်ရင်း တစ်ရင်းကို လက်နက်တပ်ဆင်နိုင်သည့် အရေအတွက် သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဒေသမှူးက ပြောလာသည်ဟု ဝန်ကြီး ဦးရည်မွန်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။