သတင်း မိုင်းခွဲဖျက်ဆီးခဲ့သည့် ကျုံအိတ်တံတားလာစစ်သည့် ရဲနှင့်ထွေအုပ်အပါအဝင်စစ်ကောင်စီဝန်ထမ်းများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ တံတားမိုင်းခွဲခံရစဉ် ပျက်စီးခဲ့သည့် ကားပေါ်ပါသူအချို့ထိခိုက်သေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများမှာလည်း သထုံခရိုင် ဥပဒေရုံးမှ ဝန်ထမ်းစိုးမိုးဆိုသူ ဖြစ်ကြောင်း နယ်မြေခံ KNLA ဘက်က အသိပေးသည်။ LuduNwayOoဇွန် 29, 2023
သတင်း ကလေးဝနှင့် မင်းကင်းကြားတိုက်ပွဲစစ်ကောင်စီတပ်အထိနာ တိုက်ပွဲကို NUG ၏ကလေးခရိုင်လက်အာက်ခံPDFတပ်ရင်းများက ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့သော်တိုက်ပွဲအသေးစိတ်အခြေအနေကို စစ်ရေးလုံခြုံရေးအရ မပြောနိုင်သေးကြောင်း People's Spring ၏ သတင်းရင်းမြစ်များကပြောသည်။ LuduNwayOoဇွန် 29, 2023
သတင်း ဘီးလင်းရှိ တံတားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ဟု KNLA တပ်မှူးပြော မကြာသေးမီကလည်း KNU တပ်မဟာ(၃)နယ်မြေတွင် နတ်သံကွင်းတံတားအပါအဝင် ဒေသတွင်း တံတားအချို့ကို စစ်ရေးအခြေအနေအရ ဖျက်ဆီးခဲ့ကြောင်း KNU ကအသိပေးထားသည်။ LuduNwayOoဇွန် 29, 2023
သတင်း မုံရွာနှင့် မြင်းမူတွင် စစ်ကောင်စီတပ်အား PDFအဖွဲ့များ တိုက်ခိုက် စစ်ကိုင်းနယ်တွင် PDF ရဲဘော်များ အကျအဆုံးများခဲ့၍ မြို့ပေါ်သို့ အရဲစွန့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DK PDF-MMUအဖွဲ့က ပြောသည်။ LuduNwayOoဇွန် 29, 2023
သတင်း စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် (၁၄)ဦးကျဆုံး၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံး မသိရသေး ဇွန် ၄ ရက်ကစစ်ကောင်စီတပ်နှင့်စစ်ကိုင်းခရိုင်တပ်ရင်း(၃)တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ (၁၃)ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။ LuduNwayOoဇွန် 28, 2023
သတင်း ပုလောမြို့နယ် မန်ကျည်းကုန်းစစ်ဆေးရေးဂိတ်ကို PRDF ပစ်ခတ်တိုက်ခိုက် ပုလောမြို့ ခလရ (၂၈၅)တပ်ရင်းနှင့် မလှမ်းမကမ်းတွင်ရှိနေသည့် စစ်ကောင်စီ၏ မန်ကျည်းကုန်းစစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၅ ရက်နံနက် ၇နာရီခန့်က သွားရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နာရီဝတ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 28, 2023
သတင်း ညောင်လေးပင်ခရိုင်၌ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ပြည်သူ နှစ်ဦးထပ်မံသေဆုံးပြီး ကလေးငယ်များအပါအဝင် ခုနစ်ဦး ဒဏ်ရာရ KNU ဆောထိမြို့နယ်တွင် ဇွန်လ ၂၄ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရခဲ့သည်။ LuduNwayOoဇွန် 28, 2023
သတင်း ကလေးမြို့တောင်ပိုင်း သာစည်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ကျော်ထိခိုက်သေဆုံးဟုဆို စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဇွန်လ ၂၅ ရက် နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် တနေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အဆိုပါ RKDFက ဇွန် ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 28, 2023
သတင်း စစ်ကောင်စီထုတ်ရောင်းသည့် ငွေချေးသက်သေခံလက်မှတ်များ၏အကြွေးများမှာ နိုင်ငံတော်နှင့်ပြည်သူ့ကြွေးမြီများမဟုတ်ကြောင်း NUG ကြေညာ နိုင်ငံတော်ဘတ်ဂျတ်လိုဖြည့်တင်းရန် အစိုးရအဆက်ဆက်က ငွေတိုက်စာချုပ်၊ငွေတိုက်လက်မှတ်များကို ငွေတိုက်ဦးစီးဌာနက ဗဟိုဘဏ်ကတဆင့်ထုတ်ရောင်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ်များကို ထုတ်ရောင်းခဲ့သော်လည်း ၂၀၂၁ခုနှစ်တွင် ဝယ်သူမရှိခဲ့ပေ။ LuduNwayOoဇွန် 28, 2023
သတင်း ရန်ကုန်တွင် “မြို့ပြကို CCTV နဲ့မသတ်နဲ့” စာတန်းချိတ်စွဲ ဆန္ဒပြ ရန်ကုန်မြို့တနေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "မြို့ပြကို CCTV နဲ့မသတ်နဲ့" စာတန်းအား ချိတ်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ဆန္ဒပြမှုကို ယနေ့ (ဇွန်လ ၂၈) ပြုလုပ်ခဲ့သည်။ LuduNwayOoဇွန် 28, 2023