Connect with us

Hi, what are you looking for?

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က ဒီဂရီကောလိပ်ကျောင်းအတွင်းမှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်( SNA) တပ်ဖွဲ့ဝင် ကျောင်းသားတစ်ဦးက အခြားကျောင်းသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းမှာ SNA တပ်ဖွဲ့ဝင်တွေ ရမ်းကားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာနယ်စပ်မှာစစ်ကောင်စီ၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်တွေကအိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကူကီးအမျိုးသားတပ်မတော်(KNA-B )နဲ့ ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရင်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပ​တော့မှာဖြစ်ပါတယ်။

ဓာတ်ပုံ − ရိုက်တာ ဓာတ်ပုံ − ရိုက်တာ

သတင်း

ညွှန်ကြားချက်ကိုမလိုက်နာလို့ နိုင်ငံခြားငွေ လက်ထဲတွေ့ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။

(မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီရေယာဉ်သင်္ဘောများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ) (မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီရေယာဉ်သင်္ဘောများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

သတင်း

စစ်သုံးပစ္စည်းများ သယ်ဆောင်ရာတွင် အရပ်သားပြည်သူများအားအသုံးပြုရန် စီစဉ်ခြင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုစေခိုင်းခြင်းသာဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်သည် ပြည်သူပိုင် စက်လှေများကိုလည်း ချောဆွဲအသုံးပြုလျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

(BLACK WOLF - ARMYတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BLACK WOLF - ARMY) (BLACK WOLF - ARMYတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BLACK WOLF - ARMY)

သတင်း

ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်စွဲထားမှုမှာ တစ်နှစ်ကျော်ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများအား စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

(ရန်ကုန်တိုင်း စစ်​ဒေသ PDF တပ်ရင်း ၅၁၀၁ မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ရန်ကုန်တိုင်း​စစ်​ဒေသ) (ရန်ကုန်တိုင်း စစ်​ဒေသ PDF တပ်ရင်း ၅၁၀၁ မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ရန်ကုန်တိုင်း​စစ်​ဒေသ)

သတင်း

တပ်ရင်း ၅၁၀၁ အနေဖြင့် ရန်ကုန်နှင့် အနီးဆုံးတွင် ရှိနေပြီး မြို့ပြသို့ဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း တပ်ရင်း ၅၁၀၁ ၏ တပ်ရင်းမှူး ရဲဘော် ဩကာသက အဆိုပါအခမ်းအနားတွင်ပြောကြားသည်။

(တည်သီးတောပျူရွာအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Wild Tiger LPDF) (တည်သီးတောပျူရွာအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Wild Tiger LPDF)

သတင်း

ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် - Wild Tiger LPDF အဖွဲ့သည် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ သြဂုတ် ၁၇ ရက်ကလည်း ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သေးသည်။

(နေပြည်တော် တပ်ကုန်းမြို့နယ်အနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်သော ရဲဘော်များနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော ဆိုင်ကယ်၊ကျည်နှင့်ကျည်​ဘောက်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - OPRF - PLA) (နေပြည်တော် တပ်ကုန်းမြို့နယ်အနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်သော ရဲဘော်များနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော ဆိုင်ကယ်၊ကျည်နှင့်ကျည်​ဘောက်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - OPRF - PLA)

သတင်း

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ဘိုးမသံတောင်စခန်းကိုလည်း သံတောင်မြောက်ပိုင်း(အထူးဒေသ)- NTDFနှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004)PDF တပ်ရင်းတို့က သြဂုတ်၁၀ရက်မှ ၁၄ ရက်အထိ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal) (စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)

သတင်း

ဩဂုတ် ၁၄ရက်က ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီ၏ ဟောင်ကာဘုံးစခန်းကို ချင်းအမျိုးသား တပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်၊ CDF-ဇိုဖေတို့က ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။

(ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP) (ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

သတင်း

နွားခြံကုန်းကျေးရွာတွင် ဩဂုတ် ၁၈ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။ ယနေ့ နံနက်က တိုက်ပွဲတွင် စစ်ကောင်စီ​၏ တပ်ကြပ်တစ်ဦးကို အရှင်ဖမ်းမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက People's Spring သို့ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring) (ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)

သတင်း

မြေပြင်ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။ ယနေ့ တိုက်ခိုက်ခံရသော စစ်ကြောင်းသည် ထီးချိုင့်မြို့ပေါ်မှ ဆင်းလာပြီး ကွင်းကြီးကျေးရွာသို့ ဝင်ရောက်ရန်ပြင်ဆင်နေစဉ် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

Facebook