Connect with us

Hi, what are you looking for?

သတင်း

တမူးတွင်ကြံ့ဖွံ့ပါတီဝင်တစ်ဦးအသတ်ခံရ

တမူးမြို့နယ်၊ထုံကတင်ရွာမှ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်ဆွေသည် သြဂုတ် ၁၇ ရက် နံနက် ၁၀နာရီခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်သည်။

(စစ်တပ်အာဏာမသိမ်းခင်ကတမူးမြို့ ။ ဓါတ်ပုံ-FFT)
(စစ်တပ်အာဏာမသိမ်းခင်ကတမူးမြို့ ။ ဓါတ်ပုံ-FFT)

▪︎ ပျူများကသတ်ခြင်းဖြစ်ပြီး အမှုဖွင့်စစ်​​ဆေး​နေ​သောရဲကိုစစ်သားများက ဖိအား​ပေး​နေဟု​ဒေသခံအချို့​ပြော

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီး ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် ပျုစောထီးများက သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

တမူးမြို့နယ်၊ထုံကတင်ရွာမှ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်ဆွေသည် သြဂုတ် ၁၇ ရက် နံနက် ၁၀နာရီခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်သည်။

“ မင်းသာရွာသွားတဲ့ ကားလမ်းမဘေးမှာ ပစ်သတ်ခံရတာ။ အခု ကြားရသလောက် သူ့နဲ့ ဆက်စပ်ဖူးတဲ့ ပျူစောထီးအဖွဲ့က ပစ်သွားတာလို့ သတင်းနေထွက်နေတယ်။ရဲစခန်းဘက်ကကြားတာပါ” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

ဦးမြင့်ဆွေ သေဆုံးမှုကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် စစ်ကောင်စီတပ်က ပျုစောထီးဘက်မှ အကာအကွယ်ပေးနေပြီး အမှုစစ်ဆေးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အား ဖိအားပေးနေကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တမူးမြို့နယ်သည် တော်လှန်ရေးအင်အားစုများအားကောင်းသော်လည်း မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီနှင့်ပျူများက တပ်စွဲထားသည်။ မြို့ပေါ်ရပ်ကွက်များတွင် ပျူများက ဓားပြမှုများ၊ လူသတ်မှုများ မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ရက် ညက တမူးမြို့၊ စန္ဒကူးရပ်ကွက်တွင် နေထိုင်သော ဒေါ်အေး၏ အိမ်ကို ပျူစောထီး ခုနစ်ဦးက ဝင်ရောက်ဓားပြတိုက်ပြီး ဒေါ်အေးနှင့် သားတစ်ဦး၊သမီးတစ်ဦးကိုပါ သတ်ဖြတ်သွားသည်ဟု ဒေသခံများကပြော

သည်။ ဇူလိုင် ၃၀ရက်ညကလည်း တမူးမြို့ ဈေးတန်းရပ်ကွက်မှ နေအိမ်တစ်အိမ်ကို ပျုစောထီး ၂၀ခန့်က ဝင်ရောက်ဓါးပြတိုက်ပြီး အိမ်ရှင်အမျိုးသားကို သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့အနီး ပကဖအဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သည့်ဖြစ်စဥ်နှင့်ပက်သက်၍အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်ရန်ညှိနှိုင်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ယ​နေ့(​မေ ၁၉) ညတွင်သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး ခုခံနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။

သတင်း

စစ်ကောင်စီဘက်မှ ကသည်းသူပုန် သုံးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် PDF သုံးဦးလည်း ကျဆုံးခဲ့သည်။