Connect with us

Hi, what are you looking for?

သတင်း

လတ်ခတ်တောင် စစ်ကောင်စီတိုက်လေယာဉ်ဖြင့်ဗုံးကြဲရာ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီး

တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို စစ်ကောင်စီက အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ အထိနာခဲ့ရာ ယနေ့တွင်လည်း ထပ်မံ၍ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

(စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးများ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးများ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️KNLA ပူးပေါင်းတပ်က စနိုက်ပါဖြင့် ပစ်ခတ်၍ စစ်ကောင်စီတပ် သေဆုံးမှုရှိ

ကရင်ပြည်နယ် မြ၀တီမြို့နယ် လက်ခတ်တောင် ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို စစ်ကောင်စီက အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ အထိနာခဲ့ရာ ယနေ့တွင်လည်း ထပ်မံ၍ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

“သူတို့ လေယာဉ်ပစ်ပြီးတော့ သူတို့ လူတွေကိုတက်ဖို့အစီအစဉ်ရှိမယ်နဲ့ တူတယ်။ ဒါပေမဲ့

တိုက်ပွဲတော့မဖြစ်ဘူး။ လက်နက်ကြီးလည်း ပစ်တယ်။သူတို့ လေယာဉ်ပစ်ပြီးတာနဲ့ သူတို့လူက အားရဝမ်းသာနဲ့ ခုန်ထပြီး လက်ခုပ်တီးတာ စနိုက်ဘာနဲ့ ပစ်လိုက်တယ်။ သေတာ၊မသေတာတော့ မပြောတက်ဘူး။ အဲဒါပြီးတာနဲ့ လက်နက်ကြီးပစ်တာပဲ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးများ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးများ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီးမှု ရှိသော်လည်း လူထိခိုက်မှုမရှိဟု ပြောသည်။

စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲမှုများကြောင့် သာသနာပိုင်အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၁၈ရက်) နေ့လယ် ၂နာရီခန့်တွင် စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 (Jet-Fighter) လေယာဉ် နှစ်စီးဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်လာရာ သာသနာပိုင် အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့နောက် ပူးပေါင်းတပ်က လက်ဖြောင့်တပ်သား စနိုက်ပါဖြင့် ပစ်ခတ်ခြင်းကြောင့် ရန်သူတစ်ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

လက်ခတ်တောင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဇူလိုင် ၂၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီက ယင်းနေရာကို ပြန်ယူရန် ၁၁ကြိမ်ထက်မနည်း ထိုးစစ်ဆင်ခဲ့သော်လည်း လက်ခတ်တောင်ခြေပင် မကပ်နိုင်ဘဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားစွာဖြင့် တပ်ပြန်ဆုတ်သွားကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်းလည်း အသိပေးထားသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်အချို့ကျဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook