Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့နယ် မြလယ်ရွာအနီး စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ယနေ့ (ဩဂုတ် ၁၈ရက်) နံနက် ၄နာရီခွဲတွင် တစ်ကြိမ်၊၄နာရီ ၄၅မိနစ်ခန့်တွင် တစ်ကြိမ် တိုက်လေယာဉ် နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြုနေသော ရုရှားထုတ် YAK-130 တိုက် လေယာဥ်။ ဓာတ်ပုံ-စစ်ကောင်စီ)
(စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြုနေသော ရုရှားထုတ် YAK-130 တိုက် လေယာဥ်။ ဓာတ်ပုံ-စစ်ကောင်စီ)

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ မြလယ်ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဩဂုတ် ၁၈ရက်) နံနက် ၄နာရီခွဲတွင် တစ်ကြိမ်၊၄နာရီ ၄၅မိနစ်ခန့်တွင် တစ်ကြိမ် တိုက်လေယာဉ် နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မွန်းလွဲ ၁နာရီခန့်တွင်လည်း တိုက်လေယာဉ် တစ်စီးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်လာကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရေကြောင်း ရှင်းလင်းရေးလုပ်တယ်လို့ ယူဆရ” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က လေကြောင်းတိုက်ခိုက်မှုအပေါ် သုံးသပ်သည်။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်သို့ စစ်လက်နက်ရိက္ခာအင်အား ဖြည့်တင်းရန် ရေကြောင်းအသုံးပြု လျက်ရှိသည်။ စစ်ကောင်စီက သင်္ဘော ၉စီးဖြင့် မန္တလေးမှ ဗန်းမော်မြို့သို့ လာရောက်လျက်ရှိရာ ယခုရက်ပိုင်းတွင် ဗန်းမော်မြို့နယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါ စစ်ကောင်စီ သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကလည်း ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။