Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေ၌ စစ်ကောင်စီရထား မိုင်းဆွဲတိုက်ခိုက်ခံရ၍ ပျက်စီး

စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့အနီးမှစောင့်၍ ယနေ့( ဩဂုတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန််းကျင်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်ရထားတွဲ မိုင်းဆွဲခံရ၍ ပျက်စီး​နေမှူ။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်)
(စစ်​ကောင်စီတပ်ရထားတွဲ မိုင်းဆွဲခံရ၍ ပျက်စီး​နေမှူ။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်)

မန္တလေးမှထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ရန်ကုန်−မန္တလေးမီးရထားလမ်း၊ ကညွှတ်ကွင်းမြို့အနီးတွင် KNUနှင့် PDF ပူး‌​ပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့အနီးမှစောင့်၍ ယနေ့( ဩဂုတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန််းကျင်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီထောက်ပို့ရထားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်မှာ မှန်ကန်ပြီး၊ မြေပြင်အခြေအနေအသေးစိတ်ကို အတည်ပြုနေဆဲဖြစ်ကြောင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခု မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကညွတ်ကွင်းဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)နယ်မြေဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။ ရထား မိုင်းခွဲတိုက်ခိုက်ခံရနှင့်ပတ်သက်ပြီး ကြေးနန်းမရသေးကြောင်း၎င်းကဆက် ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီးလည်း အတည်မပြုနိုင်သေးဟု KNU သတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။