Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူတွေရဲ့ ၃ ပုံ ၁ ပုံ အကူအညီလိုအပ်နေတယ်လို့ ကုလဆို

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

အညာဒေသ စစ်ရှောင်ပြည်သူအချို့ကိုတွေ့ရစဉ်
အညာဒေသ စစ်ရှောင်ပြည်သူအချို့ကိုတွေ့ရစဉ်

စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ လူဦးရေ ရဲ့ ၃ ပုံ ၁ ပုံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အကြီးအကဲ မာတင်ဂရစ်ဖစ်က ပြောလိုက်ပါတယ်။

ပြည်သူ ၁၈ သန်းဟာ အကူအညီတွေ လိုအပ်နေတာလို့ UNOCHA အကြီးအကဲက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

မြန်မာ ပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းဆီက အကူအညီပိုရဖို့ မျှော်လင့်နေကြတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

UNOCHA အကြီးအကဲရဲ့ မြန်မာခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံရာ ပြည်သူတွေကို တိုက်ရိုက်ကူညီခွင့်ရဖို့တောင်းဆိုခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆောင်ရွက်ရာမှာ အကန့်အသတ်အတားအဆီးတွေရှိနေတယ်လို့ UNOCHA အကြီးအကဲ ကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ဆတိုးလာပြီး လက်ရှိမှာ ၁.၉ သန်းထိရှိလာတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။