Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံး လျှပ်စစ်မီးဖြန့်ဝေမှု စစ်​ကောင်စီကထပ်မံလျှော့ချမည်ဟုဆို

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။

(လျှပ်စစ်မီးပြတ်တောက်မှုကြုံနေရသော ရန်ကုန်မြို့အား ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(လျှပ်စစ်မီးပြတ်တောက်မှုကြုံနေရသော ရန်ကုန်မြို့အား ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

▪️ဆိုးရွာစွာဓာတ်အားပြတ်တောက်မှုဖြစ်နေသည်မှာ စစ်ကောင်စီ၏ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်နေခြင်းဟုဆို

ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးဖြန့်ဝေမှုလျှော့ချမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ကိုရေးရှင်းမှ အရာရှိတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယခုရက်ပိုင်းကစ၍ ရန်ကုန်မြို့အတွင်း ဆိုးရွာစွာဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေသည်မှာလည်း စစ်ကောင်စီ၏ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်နေရခြင်းဟု ဆိုသည်။

“အရင်က အလှည့်ကျခြောက်နာရီ ခြားပေါ့။အခုက တော့ တစ်ရက်လုံးခြောက်နာရီ နီးပါးလောက်ပဲ ပေးနိုင်လိမ့်မယ်။တချို့ရပ်ကွက်တွေဆိုရင်လေးနာရီလောက်ပဲ လာချင်လာလိမ့်မယ်။ဒါကလည်း ကျွန်တော်တို့ လုပ်တာမဟုတ်ဘူး။ပြီးတော့ ရန်ကုန်တစါခုတည်းမဟုတ်ဘူးလေ။ တိုင်းနဲ့ပြည်နယ်အကုန်လုံးမှာ ဖြစ်မှာပါ”ဟု အထက်ပါအရာရှိက ရှင်းပြသည်။

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဆိုလာမီးတပ်ဖို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစုံစမ်းတာ သိန်း ၄၀ဆိုတော့ မတပ်ဖြစ်သေးလို့ အခု ဒီနေ့ စုံစမ်းတော့ သိန်း ၆၀ဖြစ်သွားပြီ။အဲဒါနဲ့ အိမ်သုံးအင်ဗာတာ တပ်မယ်ဆိုတော့လည်း အရင်တစ်လက ၁၂သိန်းက အခု ၁၈သိန်းလောက်ဖြစ်နေတော့ တော်တော်စဥ်စားရခက် သွားတယ်။ဘာလုပ်ရမှန်းကို မသိဘူး ဖြစ်နေတာ။ရှေ့လျှောက်ဆို ဒီထက်ပိုဆိုးလာဖို့ပဲရှိတာ လေ။အဲဒါကြောင့် တစ်ခုခုလုပ်မှရတော့မှာ”ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုမှာ နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG(သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ယခုနှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။

ထိုမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ် လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ခန့်သာ ထုတ်လုပ်နိုင်တော့သည်။

အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ဇန်နဝါရီက မဂ္ဂါဝပ် (၃၀၀၀)ခန့်ထွက်ရှိမည့် LNG စီမံ ကိန်း(၃)ခုနှင့် ၂၀၁၉တွင် မဂ္ဂဝါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း သုံးကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ထားခဲ့သည်။

သဘာဝဓါတ်​ငွေ့​အရည် (LNG)ဖြင့် ဓာတ်အားထုတ် လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။

နွေရာသီတွင် မီးမပျက်​စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတမြို့နယ်တို့တွင် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ဦး​ဆောင်​သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။

ယခုလဆန်းပိုင်းက စစ်ကောင်စီက ၎င်းတို့အုပ်ချုပ်မှု ခြောက်လသက်တမ်းတိုးပြီးနောက် စစ်အင်ဂျင်နီယာ ဗိုလ်ချုပ်နှစ်ဦးကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးများအဖြစ် နေရာပေးခဲ့သည်။

စစ်ကောင်စီ​၏ လျှပ်စစ်ဝန်ကြီးသစ် ဦးဉာဏ်ထွန်းသည် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး (ကကယာ)၊ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ဟောင်းဖြစ်ပြီး စွမ်းအင်ဝန်ကြီးသစ် ဦးကိုကိုလွင်မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်)တွင် ဒုအရာရှိချုပ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။