Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မှာ KTV ဆိုင်မန်နေဂျာ ပစ်သတ်ခံရပစ်သတ်ဖားကန့် မှာ KTV ဆိုင်မန်နေဂျာ ပစ်သတ်ခံရ

လုံးခင်းကျေးရွာ၊ (၁) ရပ်ကွက်မှာရှိတဲ့ Green City KTV ဆိုင်ကို ညပိုင်း ၁၀ နာရီခန့်မှာ ဆိုင်ကယ် နဲ့ အမျိုးသား ၂ ဦး ရောက်လာပြီး ဆိုင်မန်နေဂျာကို ပစ်ခတ်သွားတာလို့ အဲဒီသတင်းရင်းမြစ်က ပြောပြပါတယ်။

ဖားကန့် မှာ KTV ဆိုင်မန်နေဂျာ ပစ်သတ်ခံရ
ဖားကန့် မှာ KTV ဆိုင်မန်နေဂျာ ပစ်သတ်ခံရ

ကျောက်စိမ်းမှော်တွေရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာ မှာရှိတဲ့ KTV ဆိုင်မန်နေဂျာအမျိုးသားဟာ မနေ့ ညပိုင်းက သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

လုံးခင်းကျေးရွာ၊ (၁) ရပ်ကွက်မှာရှိတဲ့ Green City KTV ဆိုင်ကို ညပိုင်း ၁၀ နာရီခန့်မှာ ဆိုင်ကယ် နဲ့ အမျိုးသား ၂ ဦး ရောက်လာပြီး ဆိုင်မန်နေဂျာကို ပစ်ခတ်သွားတာလို့ အဲဒီသတင်းရင်းမြစ်က ပြောပြပါတယ်။

ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် ဆိုင်မန်နေဂျာအမျိုးသားဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်အတွင်းမှာလည်း ဖားကန့်မြို့၊ ဆိတ်မူရပ်ကွက် ရှင်းရင် ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို လူတစ်စုက ညပိုင်းမှာ ဖမ်းခေါ်သွားပြီး ပစ်သတ်ကာ အလောင်းကို ဟိုတယ်နဲ့ မနီးမဝေးမှာ စွန့်ပစ်ခဲ့တဲ့ဖြစ်ရပ်ရှိခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မှာ ပစ်ခတ်သတ်ဖြတ်မှုတွေဟာမကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ခေါင်းမှာ သေနတ်ဒဏ်ရာရပြီးသေဆုံးနေတဲ့ အမျိုးသား ၂ ဦးအလောင်းကို လမ်းလယ်မှာ ဒေသခံတွေ တွေ့ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။