သတင်း မြိတ်မြို့နယ် NLDပါတီ အမတ်၏အစ်ကိုဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဇော်တင့်၏ အစ်ကို ဦးတင်သန်းဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ခြင်းဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။ LuduNwayOoဇွန် 18, 2023
သတင်း “ညနေခင်းသတင်းလွှာ” ဒီနေ့ (ဇွန်လ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoဇွန် 18, 2023
သတင်း ထိုင်းနိုင်ငံ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ပိုမိုကြီးထွားလာစေဟု အရပ်ဘက်အဖွဲ့များ ထုတ်ပြန် တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာရှုတ်ချပြီး အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးရန် ယင်းအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုသည်။ LuduNwayOoဇွန် 18, 2023
သတင်း မြို့နယ်ပေါင်း ၁၉၈ ခုတွင် ကျန်းမာရေးတာဝန်ခံများထားနိုင်ပြီး တစ်နိုင်ငံလုံး၏ ၆၀ရာခိုင်နှုန်းကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပြီဟု NUG အသိပေး ကြားကာလအရေးပေါ်ကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ယခု ၂၀၂၃ ဖေဖော်ဝါရီအထိ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်း၌ လူနာပေါင်း ၁၉၂,၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်း NUGအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 18, 2023
သတင်း တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက် တိုက်ပွဲဖြစ် လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲအနီးဝန်းကျင်မှ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ သကျက်၊ ဘန်ကြုတ်၊ ရေပေါ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရသည်။ LuduNwayOoဇွန် 18, 2023
သတင်း ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးထိခိုက်မှုများရှိ ကရင်နီ(ကယား)ပြည်နယ် တွင် တိုက်ပွဲနယ်မြေများ ကျယ်ပြန့်လာပြီး ပြည်သူများကို သတင်းကောင်းပါးရန် ကြိုးပမ်းနေကာ တပ်ပေါင်းစုသဏ္ဍာန်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ယမန်နေ့က ပြောသည်။ LuduNwayOoဇွန် 18, 2023
သတင်း ဝေါမြို့နယ်တွင်စစ်ကောင်စီ ဖမ်းဆီးသွားသောပြည်သူ ၅ဦး နှစ်လအကြာတွင်သေဆုံးပြီဟုမိသားစုထံအကြောင်းကြား စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံရသူများတွင် ဖိုးစပါယ်ကျေးရွာမှ ၅၂ နှစ်အရွယ် ဦးဝင်းဇော်ဌေး၊ ၅၃ နှစ်အရွယ် ဒေါ်တင်မျိုးခိုင်နှင့် ၄၅ နှစ်အ ရွယ် ကိုဆံရှည်၊ ကျုံပါကျေးရွာမှ ၆၀ နှစ်အရွယ် ဦးမြသိန်း၊ ၃၅ နှစ်အရွယ် ကိုကျော်မြင့်သိန်းတို့ဖြစ် ကြောင်းဒေသခံများထံမှသိရသည်။ LuduNwayOoဇွန် 18, 2023
သတင်း ရေစကြိုတွင် ပကဖ စခန်းခွဲတစ်ခု စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံး စခန်းမစီးနင်းမီ ကာကွယ်ရေးတပ်၏ ကင်းအဖွဲ့နှင့် ၁၅မိနစ်ကျော်ကြာ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်ရှိနိုင်ကြောင်း၊ ရဲဘော် ဂျင်ဘိီး အရှင်ဖမ်းဆီးခြင်းခံရပြီး တပ်စခန်းအား စီးနင်းခြင်းခံလိုက်ရကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဇွန် 18, 2023
သတင်း မုံရွာနှင့် ရေစကြိုတွင် ဆိုင်ကယ်နှစ်ယောက်စီးသူများအား စစ်ကောင်စီတပ် လိုက်လံပစ်ခတ်၍ ထိခိုက်သေဆုံးမှုရှိ စစ်ကောင်စီတပ်သည် မကွေးတိုင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် ၎င်းတို့အား မကြာခဏ ပြောက်ကျားလာရောက်တိုက်ခိုက်ခံနေရ၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရန် ကန့်သတ်ထားသည်။ LuduNwayOoဇွန် 18, 2023
သတင်း ကန်ပက်လက်ရဲစခန်း CDF/PDF ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရာ သုံးလုံးကျရောက်ပေါက်ကွဲ ဇွန်လ ၁၆ရက်တွင် ကန်ပက်လက် မြို့မရဲစခန်းကို ကန်ပက်လက် CDFနှင့် ညောင်ဦးခရိုင် တပ်ရင်း (၂) ညောင်ရမ်း တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇွန် 18, 2023