Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့ပေါ်ရှိ ရပ်ကွက်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ယနေ့(သြဂုတ် ၉ရက်) နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်က မြို့ပေါ်အနောက်ကွက်သစ် ဘုရင်ဂျီဂျောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ)

▪️မြို့နယ်အနောက်ခြမ်းကိုပါ ပစ်ခတ်စီးနင်းနေ၍ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က မီးရှို့သွားပြီး မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကိုပါ ပစ်ခတ်စီးနင်းနေ၍ ကျေးရွာ ၉ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၉ရက်) နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်က မြို့ပေါ်အနောက်ကွက်သစ် ဘုရင်ဂျီဂျောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“မြို့ပေါ်တစ်နေရာ မီးရှို့ခံရတယ်တော့ ကြားတယ်။ အသေးစိတ်နဲ့အရေအတွက်တော့ စုံစမ်းနေဆဲပါ။ ဘုရင်ဂျီဂျောင်က နေအိမ်တစ်လုံးမီးရှို့ခံရတယ်လို့ သိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ယမန်နေ့က ရေဦးအနောက်ခြမ်းမှ ဒီပဲယင်းမြို့သို့ဝင်လာသည့် အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် ဒီပဲယင်းအနောက်ခြမ်းရွာများသို့ လက်နက်ကြီးများပစ်ခတ်စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ရွာထက်မနည်းတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ကညနေပိုင်းနဲ့ ဒီနေ့မနက်ထွက်ပြေးတိမ်းရှောင်နေရသူ ၁သောင်းခွဲလောက်ရှိထားပြီ။ အခုလက်ရှိ အေးသာယာ(ခ)ပျံကျရွာမှာ တပ်စွဲထားတယ်။”ဟု ရေဦးမြို့နယ်အခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

အဆိုပါ စစ်ကြောင်းကြောင့် ကြခတ်ကျေးရွာ၊ မန်ကျည်းစောက်ကျေးရွာ၊ ကြည်ရွာ၊ ဘုရားထွက်ကျေးရွာ၊ မန်ကျည်းအုပ်ကျေးရွာ၊ အေးသာယာကျေးရွာ၊ နဘဲလှကျေးရွာ၊ ပုဂံကျေးရွာ၊ လတ်တီးကျေးရွာ၊ ယင်းတွေကျေးရွာ စသည့်ကျေးရွာ ၁၀ရွာထက်မနည်းတိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူများအား နီးစပ်ရာကျေးရွာမှ တတ်နိုင်သမျှ အကူညီပေးကြပါရန် ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook