Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့ပေါ်ရှိ ရပ်ကွက်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ယနေ့(သြဂုတ် ၉ရက်) နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်က မြို့ပေါ်အနောက်ကွက်သစ် ဘုရင်ဂျီဂျောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ညီနောင်များ)

▪️မြို့နယ်အနောက်ခြမ်းကိုပါ ပစ်ခတ်စီးနင်းနေ၍ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က မီးရှို့သွားပြီး မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကိုပါ ပစ်ခတ်စီးနင်းနေ၍ ကျေးရွာ ၉ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၉ရက်) နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်က မြို့ပေါ်အနောက်ကွက်သစ် ဘုရင်ဂျီဂျောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“မြို့ပေါ်တစ်နေရာ မီးရှို့ခံရတယ်တော့ ကြားတယ်။ အသေးစိတ်နဲ့အရေအတွက်တော့ စုံစမ်းနေဆဲပါ။ ဘုရင်ဂျီဂျောင်က နေအိမ်တစ်လုံးမီးရှို့ခံရတယ်လို့ သိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ယမန်နေ့က ရေဦးအနောက်ခြမ်းမှ ဒီပဲယင်းမြို့သို့ဝင်လာသည့် အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် ဒီပဲယင်းအနောက်ခြမ်းရွာများသို့ လက်နက်ကြီးများပစ်ခတ်စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ရွာထက်မနည်းတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ကညနေပိုင်းနဲ့ ဒီနေ့မနက်ထွက်ပြေးတိမ်းရှောင်နေရသူ ၁သောင်းခွဲလောက်ရှိထားပြီ။ အခုလက်ရှိ အေးသာယာ(ခ)ပျံကျရွာမှာ တပ်စွဲထားတယ်။”ဟု ရေဦးမြို့နယ်အခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

အဆိုပါ စစ်ကြောင်းကြောင့် ကြခတ်ကျေးရွာ၊ မန်ကျည်းစောက်ကျေးရွာ၊ ကြည်ရွာ၊ ဘုရားထွက်ကျေးရွာ၊ မန်ကျည်းအုပ်ကျေးရွာ၊ အေးသာယာကျေးရွာ၊ နဘဲလှကျေးရွာ၊ ပုဂံကျေးရွာ၊ လတ်တီးကျေးရွာ၊ ယင်းတွေကျေးရွာ စသည့်ကျေးရွာ ၁၀ရွာထက်မနည်းတိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူများအား နီးစပ်ရာကျေးရွာမှ တတ်နိုင်သမျှ အကူညီပေးကြပါရန် ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။