Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝန်းရှိ လူနေအိမ် ၇၄,၈၇၄ လုံးကို စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့

စစ်ကောင်စီတပ်သားများနှင့် အပေါင်းအပါများကျူးလွန်သော ကျေးရွာတည်နေရာ လက်တီကျု၊ လောင်ဂျီကျု အမှတ်အသား များကိုလည်း Data For Myanmar က အတိအကျဖော်ပြသည်။

နိုင်ငံတဝန်းရှိ လူနေအိမ် ၇၄,၈၇၄ လုံးကို စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့
နိုင်ငံတဝန်းရှိ လူနေအိမ် ၇၄,၈၇၄ လုံးကို စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံတဝန်း လူနေအိမ် ၇၄,၈၇၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ယမန်နေ့(သြဂုတ် ၈ ရက်)တွင် ထုတ်ပြန်သည်။

ဧရာဝတီတိုင်းမှ လွဲ၍ တိုင်းနဲ့ပြည်နယ်အားလုံးတွင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းက ၅၇,၅၀၃ ဖြင့် အများဆုံးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး အိမ်ခြေ ၁၁,၀၂၆ လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

Data For Myanmar သည် နိုင်ငံတဝန်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုအခြေအနေကို ၂၀၂၁ မေလမှ စတင်ကာ လစဥ် တိုင်း၊ပြည်အလိုက်၊ မြို့နယ်အလိုက် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများ၊ အိမ်ခြေအရေအတွက်ကို စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည်။ စစ်ကောင်စီတပ်သားများနှင့် အပေါင်းအပါများကျူးလွန်သော ကျေးရွာတည်နေရာ လက်တီကျု၊ လောင်ဂျီကျု အမှတ်အသား များကိုလည်း Data For Myanmar က အတိအကျဖော်ပြသည်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ နောက်တွင် ချင်းပြည်နယ်က ၁၆၃၇၊ ကချင်ပြည်နယ်က ၁၃၉၈၊ မန္တလေးတိုင်းက ၁၃၄၄၊ တနင်္သာရီတိုင်းက ၆၇၅၊ ကရင်နီပြည်နယ်က ၄၂၁၊ မွန်ပြည်နယ်က ၂၂၉၊ ပဲခူး(အရှေ့)က ၂၀၇၊ ရှမ်း(တောင်)က ၁၈၇၊ ကရင်ပြည်နယ်က ၁၅၈၊ ၊ ပဲခူး(အနောက်)က ၅၆၊ ရခိုင်ပြည်နယ်က ၁၃၊ ရှမ်း(မြောက်)က ၄ နှင့် ရန်ကုန်တိုင်းက ၁ လုံး စသဖြင့် ပြည်သူလူထု၏ နေအိမ်များကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။