Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပိုင်ထုတ်ကုန်များ (၂)လအတွင်း ရောင်းအား၇၀ရာခိုင်နှုန်းအထိ ထိုးကျရေးသပိတ်မှောက်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များမှာ မြန်မာဘီယာ ၊ Andama တံဆိပ် အရက်ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ် အရက် ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ ရမ်၊ Black Shield Stout ဘီယာ ၊ Army Rum၊ Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ဖြစ်ကြောင်း GSCB က ဖော်ပြခဲ့သည်။

(စစ်တပ်ပိုင်ထုတ်ကုန်များဖြစ်သော အရက်၊ဘီယာများအား သပိတ်မှောက်ရန် လူငယ်များဆန္ဒပြတောင်းဆိုနေစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်ပိုင်ထုတ်ကုန်များဖြစ်သော အရက်၊ဘီယာများအား သပိတ်မှောက်ရန် လူငယ်များဆန္ဒပြတောင်းဆိုနေစဥ်။ ဓာတ်ပုံ - CJ)

အာဏာသိမ်းစစ်တပ်ပိုင် ထုတ်ကုန်ဖြစ်သည့် အရက်၊ ဘီယာ၊ စီးကရက်များ၏ ရောင်းအား အချိန် (၂)လအတွင်း ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားရန်အတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ပေးကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (သြဂုတ် ၉) တိုက်တွန်းလိုက်သည်။

“အခု ပြည်တွင်း၊ပြည်ပ ပြည်သူတစ်ရပ်လုံး၊ အသက်အရွယ် ကျား၊မ မရွေး ပါဝင်ဆင်နွှဲကြရမယ့် ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ ရဲ့ ဗွေဆော်ဦးခြေလှမ်းလာပါပြီ။ ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ စစ်တပ်ပိုင် အရက်ဘီယာနဲ့ စီးကရက်အုပ်စုပဲ ဖြစ်ပါတယ်။ ဒီအရက်ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ်ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနောမဟုတ်ပါဘူး။ တပ်ပိုင်ကုန်စည်အမျိုးအစားအနေနဲ့ဆို ဒီကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက အများဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ။ ဒါ့ကြောင့် ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ရပါမယ်”ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ဆိုသည်။

စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များမှာ မြန်မာဘီယာ ၊ Andama တံဆိပ် အရက်ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ် အရက် ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ ရမ်၊ Black Shield Stout ဘီယာ ၊ Army Rum၊ Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ဖြစ်ကြောင်း GSCB က ဖော်ပြခဲ့သည်။

သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်းကလည်း “တော်လှန်ရေးကြီးအတွက် ကိုယ့်အသက်ကို အရင်းတည်ပြီး ပါဝင်တိုက်ပွဲဝင်နေကြသူ PDF၊ EROs စစ်သည်တော် သူရဲကောင်းပေါင်းများစွာ ရှိပါတယ်။ ကိုယ့်အနေနဲ့ အဲ့လိုအခန်းကဏ္ဍကနေ မပါဝင်နိုင်ဘူးဆိုရင်တောင် တိုက်ပွဲဝင်ရဲဘော်တွေကို စစ်အုပ်စုက ပစ်မယ့် လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ မပေးမိကြဖို့ လိုနေပါပြီ။ ဒါ့ကြောင့် စစ်တပ်ရဲ့ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနဲ့ ဖြတ်တောက်ရိုက်ချိုးပစ်မယ့် ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင်ဆင်နွှဲကြဖို့ အချိန်ရောက်လာပါပြီ။ စစ်တပ်ပိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပါတယ်” ဟု တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း “ဘက်ပေါင်းစုံခွက်ခွက်လန်ရှုံးသူတွေက နှစ်သောင်းတန်တွေ၊ကားဘယ်နှစီးတိုက်စက္ကူဘယ်လောက်ရိုက်ထုတ်မှန်းပြည်သူတွေမသိ။ ဒါ ၈၈ တုန်းက ငွေစက္ကူတွေဖျက်သိမ်း၊ပြည်သူကို ဓားပြတိုက်တဲ့ပြစ်မှုမျိုးနောက်တနည်းနဲ့ကျူးလွန်တာပဲ။အေး၈၈ တုန်းက လက်နက်မဲ့ပြည်သူကတောင် မဆလ အစိုးရကိုဖြုတ်ချနိုင်ခဲ့သေးတာ ခုက ဘက်ပေါင်းစုံလက်ထဲရှိလာ။ သမိုင်းတလျှောက်အမြင့်ဆုံးအပြီးသတ်တိုက်ပွဲမှန်းသိ အောင်စိတ်အထွတ်ရောက်နေတဲ့ပြည်သူ့ ရေချိန် ခုဖက်ဆစ်ကောင်စီလည်း၈၈တုန်းက မဆလလိုဖြစ်ရစေ့မယ်။ ဒါဟာ ၃၅ နှစ်တိုင် ကမ္ဘာမကျေဘူးကို နေ့တိုင်းဆိုခဲ့တဲ့ပြည်သူတွေရဲ့ဓမ္မတေးပဲ” ဟု လူမှုကွန်ရက်မှတဆင့် တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့စစ်တပ်က ၎င်းတို့မထောက်ခံတဲ့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။