Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စစ်ရာဇဝတ်မှုတွေကို အတင့်ရဲစွာနဲ့ ကျယ်ကျယ်

အစီရင်ခံစာက ရည်ညွှန်းတဲ့ စစ်ရာဇဝတ်မှုတွေ ဆိုတာက အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ၊ စစ်ဘက် အရပ်ဖက် မခွဲခြားဘဲဖြစ်စေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ၊ အရပ်သား နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် သုံ့ပန်းတွေကို သတ်ဖြတ်တာတွေ ဖြစ်ပါတယ်။

(လူပေါင်း ၁၆၈ ဦး​သေဆုံးခဲ့တဲ့ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာကို စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီလကဗုံးကျဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(လူပေါင်း ၁၆၈ ဦး​သေဆုံးခဲ့တဲ့ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာကို စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီလကဗုံးကျဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ပြန့်ပြန့် ကျူးလွန်နေတယ်လို့ IIMMအစီရင်ခံစာဖော်ပြ

အရပ်သား ဧရိယာတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ အပါအဝင် အာဏာသိမ်း မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေဟာ ပိုမို ထူထပ်လာသလို ပိုပြီးလည်း အတင့်ရဲလာနေတယ်လို့ ကုလသမဂ္ဂကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အရာရှိတွေက အစီရင်ခံခဲ့ပါတယ်။

ဩဂုတ် ၈ ရက်မှာ ကုလသမဂ္ဂဆီ တင်သွင်းတဲ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) အစီရင်ခံစာဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လက်အောက်ခံ၊ ဒါမှမဟုတ် မိတ်ဖက် အဖွဲ့အစည်းတွေက စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ ဆက်နွှယ်ပြီး ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို လွှမ်းခြုံ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီ ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်စပ် အဖွဲ့အစည်းတွေက ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ပုံစံ ၃ ခုကို အရမ်း ရဲရဲတင်းတင်း ကျူးလွန်လာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာက ရည်ညွှန်းတဲ့ စစ်ရာဇဝတ်မှုတွေ ဆိုတာက အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ၊ စစ်ဘက် အရပ်ဖက် မခွဲခြားဘဲဖြစ်စေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ၊ အရပ်သား နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် သုံ့ပန်းတွေကို သတ်ဖြတ်တာတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ တရိပ်ရိပ် တိုးပွားလာနေသလို အရပ်သား ပြည်သူတွေအပေါ် စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ ရန်ပြု တိုက်ခိုက်မှုတွေကလည်း ပိုမို ကျယ်ပြန့်လာနေကြောင်း၊ ဒီအတွက် ပြစ်မှုကျူးလွန်သူတွေကို တိတိကျကျ ဖော်ထုတ် အရေးယူဖို့ တရားရေးအရ လုပ်ဆောင်မှုတွေ အရေးတကြီး လိုအပ်ကြောင်း IIMM အစီရင်ခံစာရဲ့ ဦးဆောင် စုံစမ်းရေး အရာရှိ နစ်ကိုလက်စ် ခွမ်ဂျီအန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လတုန်းက စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက် လက်နက်ကိုင် တော်လှန်ရေးတွေ နေရာအနှံ့ ပေါ်ပေါက်လာပြီး တနိုင်ငံလုံး အရှုပ်အထွေးတွေ၊ ပဋိပက္ခတွေထဲ ကျရောက်လာခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်ဟာ လက်နက်ကိုင် တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ တော်လှန်ရေး အင်အားစုတွေနဲ့ ဒေသခံ ပြည်သူတွေကြား အဆက်အသွယ် ပြတ်တောက်စေဖို့အတွက် ကြမ်းကြုတ်ရက်စက်တဲ့ နည်းလမ်းတွေ၊ စစ်ရာဇဝတ်မှုမြောက်တဲ့ သတ်ဖြတ်မှု၊ဖျက်ဆီးမှုတွေကိုကျယ်ကျယ်ပြန့်ပြန့် အသုံးချလာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။