Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမတွင်သစ်ခိုးထုတ်မှုများလာပြီး ယင်းနှင့်အတူစစ်တပ်စစ်​ကြောင်းလှုပ်ရှားလာ၍ သစ်ခိုးထုတ်လုပ်မှုများကိုအ​ရေးယူမည်ဟု အမှတ် (၂)စစ်​ဒေသခွဲတာဝန်ရှိသူ​ပြော

ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်လုပ်မှု ဆိုးရွားနေသည့် မင်းလှမြို့နယ်ရှိ ရိုးမဖြတ်ကျော်လမ်း(စိန်ကန့်လန့်−မြို့ချောင်းလမ်း)ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လမှစတင်ကာ နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့သည်။

(ပဲခူးရိုးမ အတွင်းတစ်​နေရာတွင် စစ်​ကောင်စီတပ်နှင့်​ပေါင်း၍ မီး​သွေးထုတ်လုပ်​ရောင်းချ​နေ​သော ပျူ​စောထီးများ၏ကားကို PDF များကဇူလိုင်လတွင်တိုက်ခိုက်မီးရှို့ စဥ်။ဓါတ်ပုံ-Bago Region PDF)
(ပဲခူးရိုးမ အတွင်းတစ်​နေရာတွင် စစ်​ကောင်စီတပ်နှင့်​ပေါင်း၍ မီး​သွေးထုတ်လုပ်​ရောင်းချ​နေ​သော ပျူ​စောထီးများ၏ကားကို PDF များကဇူလိုင်လတွင်တိုက်ခိုက်မီးရှို့ စဥ်။ဓါတ်ပုံ-Bago Region PDF)

ပဲခူးရိုးမအတွင်းသစ်ခိုးထုတ်မှုများပိုများလာပြီး ၊သစ်ခိုးထုတ်မှုနှင့်အတူ စစ်​ကောင်စီတပ်က စစ်​​ကြောင်းလှုပ်ရှားလာ​သော​ကြောင်း သစ်ခိုးထုတ်မှုများကို ပြင်းပြင်းထန်ထန်အ​ရေးယူ​တော့မည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊အမှတ်(၂)စစ်ဒေသခွဲ(ပဲခူးတိုင်း) ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ ပြောကြားသည်။

သစ်ခိုးထုတ်မှုများမှာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းပိုများလာ​ကြောင်းသိရသည်။

“ရိုးမထဲက သစ်ထုတ်လုပ်တာကို အရင် တိုင်းအစိုးရ(​ရွေး​ကောက်ခံ အရပ်သားတိုင်းအစိုးရ) လက်ထက်ကထဲက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနေလို့ တားမြစ်မိန့်ထုတ်ထားပြီးသားပါ။ဒါကို အာဏာသိမ်းပြီးနောက်ပိုင်း စကစနဲ့ပေါင်းပြီး သစ်ခိုးထုတ်တာတွေ ပြန်များလာလို့ပါ။ဒါတွေနဲ့ အတူ စကစလှုပ်ရှားမှုတွေကိုပါ တားဆီးဖို့ပါ” ဟု ရဲဘော်တင်ဦးက‌ ပြောသည်။

ထို​​ကြောင့် ပဲခူးတိုင်း၊လက်ပံတန်း၊မင်းလှနှင့် အုတ်ဖိုမြို့နယ်တို့နှင့် ထိစပ်နေသည့် ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများကိုလည်း ပြင်းထန်စွာအရေးယူမည်ဟု ပဲခူးစစ်ဒေသခွဲက သတိပေးချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အထက်ပါ သုံးမြို့နယ်သည် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ ၏ စစ်ဆင်ရေးနယ်မြေတွင်ပါဝင်သည်။ ထိုဒေသတခုလုံးကို ဩဂုတ်လ ၆ရက်မှစ၍ မော်တော်ယာဉ်များတက်ရောက်ခွင့် ပိတ်ပင်လိုက်ပြီး လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်မည်ဟု ပဲခူးစစ်ဒေသခွဲက ဩဂုတ်လ ၇ရက်တွင် သတင်းထုတ်ပြန်သည်။

ယခုထုတ်ပြန်ချက်သည် ကားများဖြင့် နေ့စဉ် သစ် သယ်ထုတ်နေသူများကိုသာ အဓိကရည်ရွယ်ခြင်းဖြစ်ပြီး ပဲခူးရိုးမအားအမှီပြု၍ လုပ်ကိုင်စားသောက်နေသော ပြည်သူများကိုထိခိုက်စေမည်မဟုတ်ကြောင်း ပဲခူးစစ်ဒေသခွဲက အသိ​ပေးသည်။

ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်လုပ်မှု ဆိုးရွားနေသည့် မင်းလှမြို့နယ်ရှိ ရိုးမဖြတ်ကျော်လမ်း(စိန်ကန့်လန့်−မြို့ချောင်းလမ်း)ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လမှစတင်ကာ နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့သည်။ ယခုအခါ သုံးမြို့နယ်နှင့် ဆက်စပ်သည့် ပဲခူးရိုးမဧရိယာကိုနယ်မြေစိုးမိုးရေးဆောင်ရွက်မည်ဟု သတိပေးခြင်းဖြစ်သည်။

သစ်ခိုးထုတ်သူများသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ သစ်များ အကြီးအကျယ်ခုတ်နေကြောင်း၊ စစ်ကောင်စီက ‌ငွေကြေးယူ၍ ခွင့်ပြုထားကြောင်းဒေသခံများကပြောသည်။

သစ်​တောပြုန်းတီးမှုများကို ကာကွယ်ရန် ​ရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် ပဲခူးရိုးမအတွင်းမှ သစ်ထုတ်လုပ်မှုကို ၂၀၁၇−၂၀၁၈ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ရပ်ဆိုင်းခဲ့သည်။စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများ ပိုမို ဆိုးရွားနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook