သတင်း မတ္တရာနယ်၌ မတ်လအတွင်း စစ်ဆင်ရေးလေးကြိမ်တွင် သေနတ်လေးလက်နှင့် ကျည်များသိမ်းဆည်းရမိဟု ပကဖ ပြော မတ်လ ၇ ရက်က ကျွဲကျကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကူလာရန်ပြင်ဆင်နေသော ဆည်တော်ဘက်မှ ပျူများအား တိုက်ခိုက်ရာ ဦးဆောင်သူ စကားပင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ပျူတစ်ဦးအားရှင်းလင်းနိုင်ခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့က ပြောသည်။ LuduNwayOoဧပြီ 4, 2023
သတင်း ရေးဘီလူးတိုက်ခိုက်၍ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် နှစ်ဦးသေ၊ တစ်ဦး အရှင်ဖမ်းမိ ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။ LuduNwayOoဧပြီ 4, 2023
သတင်း နတ်တလင်းမြို့နယ် စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ နတ်တလင်းမြို့နယ်ရှိ ကြက်မနက်ကျေးရွာတွင် ဘန်ကာ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ ၁ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ LuduNwayOoဧပြီ 4, 2023
သတင်း အကြမ်းဖက်စစ်တပ်အင်အားအချိနဲ့ဆုံးအချိန်ဖြစ်၍ တော်လှန်ရေးအင်အားစုအားလုံး တချီတည်းရုန်းတိုက်ခိုက်ရန် NUG ခေါင်းဆောင်များ တိုက်တွန်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မြို့ပြနှင့် ပြည်နယ်များ၌ တော်လှန်ရေးဘက်တော်သားများ၏ စစ်ရေးဖိအားဒဏ်ကို စစ်ကောင်စီတပ် ရင်ဆိုင်နေရသည်ဟု ပြောသည်။ LuduNwayOoဧပြီ 4, 2023
သတင်း သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကနေဒါ နိုင်ငံရေးသိပ္ပံပါမောက္ခနှင့် ကျောင်းသားများလာရောက်တွေ့ဆုံ ထို့အပြင် ပါမောက္ခနှင့်အဖွဲ့သည် မြန်မာနိုင်ငံအတွက် လိုအပ်သည်များ အကူအညီပေးနိုင်ရေးနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ၏ မေးမြန်းမှုများကို သံအမတ်ကြီးမှ ပြန်လည်ဖြေကြားခဲ့သည်။ LuduNwayOoဧပြီ 4, 2023
သတင်း သံတောင်မြောက်ပိုင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် ငါးဦးသေဟု ထုတ်ပြန် လက်ရှိအချိန်ထိ ဒေသတွင်း၌ စစ်ရေးတင်းမာကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ခဲယမ်း လိုအပ်ချက်ရှိ၍ ကူညီပေးနိုင်ကြောင်း သံတောင်မြောက်ပိုင်းတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။ LuduNwayOoဧပြီ 4, 2023
သတင်း “ညနေခင်းသတင်းလွှာ” ဒီနေ့ (ဧပြီ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoဧပြီ 4, 2023
သတင်း ရွှေကျင်တွင် စစ်ကောင်စီခန့် မြို့ကောင်စီဝင်နှင့်အပေါင်းပါများက ချိတ်ပိတ်ခံရသည့်အိမ်ဖောက်ဝင်ပြီး စာရွက်စာတမ်းများခိုးယူကာ နေအိမ်တစ်လုံးရောင်းစား အထက်ပါဖြစ်စဥ်နှင့်စပ်လျဥ်းပြီး ချိတ်ပိတ်ခံရသည့်အိမ်သို့ဖောက်ထွင်းဝင်ရောက်စဥ် စာရွက်စာတမ်းများခိုးယူပြီး လူမနေသည့်အိမ်တစ်လုံးအား လက်ညှိုးထိုးရောင်း စားခဲ့သည်ဆိုသော NON-CDM ဆရာမ ဒေါ်ကြော့ကြော့မြင့်မိုရ်ထံ ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရသေးပေ။ LuduNwayOoဧပြီ 4, 2023
သတင်း ရေစကြိုတွင် (၂၅၇)တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ ယမန်နေ့ (ဧပြီ ၃ ရက်) ညနေ ၃နာရီခန့်က ရေစကြို (၂၅၇)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်ရင်းမြောက်ဘက်၊ သာစည်ရွာတောင်ပိုင်းရှိ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 4, 2023
သတင်း ကလေးတက္ကသိုလ်အတွင်းတပ်စွဲနေသာစစ်တပ်ကို CDF-CDM(စီးယင်း)ခြုံခိုတိုက်ခိုက် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးကို အများအပြားအသုံးပြုနေသော်လည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှု မရှိကြောင်း တာဝန်ရှိသူများကပြောသည်။ LuduNwayOoဧပြီ 4, 2023