Connect with us

Hi, what are you looking for?

သတင်း

မြို့တွင်းတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သား ၉၁ ဦး အကျအဆုံးရှိခဲ့တယ်လို့ S.O.F အဖွဲ့ဆို

ရန်ကုန်မှာဆိုရင် ဗားကရာ ၊သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာ တွေကို တိုက်ခိုက်ခဲ့တာ မိမိတို့ လက်ချက်ဖြစ်တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ပြောထားပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ ဗားကရာ ယာဉ်ထိန်းရုံးကို တိုက်ခိုက်စဉ်
၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ ဗားကရာ ယာဉ်ထိန်းရုံးကို တိုက်ခိုက်စဉ်

ရန်ကုန်မြို့တွင်း တိုက်ခိုက်မှုတွေအပါအဝင် ၂ နှစ်အတွင်း မြို့တွင်း တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သား ၉၁ ဦးသေဆုံးခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ ( S.O.F ) က ဇူလိုင်လ ၂၁ ရက်မှာ အသိပေးလိုက်ပါတယ်။

အထူးစစ်ဆင်ရေးအဖွဲ့ ၂ နှစ်ပြည့်အနေနဲ့ ၂ နှစ်တာအတွင်း မြို့တွင်းစစ်ဆင်ရေး အကျဉ်းချုပ်ကိုဖော်ပြလာတာပါ။

အထူးစစ်ဆင်ရေးအဖွဲ့ဟာ ရန်ကုန် ၊ ပဲခူး ၊ မွန်ပြည်နယ်နဲ့ဧရာဝတီတိုင်းတို့မှာ လှုပ်ရှားခဲ့တယ်လို့ဆိုထားပါတယ်။

ရန်ကုန်မှာဆိုရင် ဗားကရာ ၊သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာ တွေကို တိုက်ခိုက်ခဲ့တာ မိမိတို့ လက်ချက်ဖြစ်တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒါအပြင် သာကေတရဲစခန်း ၊မြောက်ဥက္ကလာ ရဲစခန်း ၊ လှိုင်သာယာ ရဲစခန်း တွေကိုလည်း ပစ်ခတ် တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ယာဉ်တန်းကို ကြားဖြတ်ခိုက်ခဲ့ပြီး မွန်ပြည်နယ်မှာတော့ ရဲစခန်းတွေ ၊ စစ်ကောင်စီဂိတ်တွေကို မကြာခဏဝင်တိုက်တာတွေရှိခဲ့တယ်လို့ဆိုထားပါတယ်။

မြို့တွင်း တိုက်ခိုက်မှုမှာ စစ်ရေးပစ်မှတ်ကို တိုက်ခိုက်တာ ၁၇ ကြိမ် ၊ အုပ်ချုပ်ရေးပစ်မှတ် ၁၉ ကြိမ်နဲ့ စီးပွားရေး ပစ်မှတ် ၁၆ ကြိမ် ရှိခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ဖော်ပြပါတယ်။

တိုက်ခိုက်ခဲ့တဲ့ နေရာအသေးစိတ်အချက်အလက်တွေကိုတော့ဖော်ပြတာမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။