Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက နန်ဆန်ယန်ကို ​လေ​ကြောင်းမှဗုံးကျဲ

အိမ်​ခြေ( ၂၀၀ )ဝန်းကျင် ၊လူဦး​ရေ တစ်​ထောင်ခန့်ရှိ​​သောနန်ဆန်ယန်ရွာတွင် ​ဒေသခံများသည် တိုက်ပွဲများဖြစ်ပွားသည်နှင့်ဘေးလွှတ်ရာသိူ့ထွက်​ပြေးတိမ်း​ရှောင်​နေကြသည်။

(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော ရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော ရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

တိုက်ပွဲများဖြစ်ပွား​နေသည်မှာ သုံးပါတ်​ကျော်ကြာလာပြီး စစ်တပ်အထိနာ​နေ​​သော ကချင်ပြည်နယ်၊ နန်ဆန်ယန်​ကျေးရွာ အနီးဝန်ကျင်ကို ယ​နေ့(​သောကြာ်)ညတွင်စစ်​ကောင်စီက တိုက်​လေယာဥ်ဖြင့် ဗုံးကျဲခဲ့​ကြောင်း ​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောသည်။

“Nam San Yang ကို လေယာဥ်နဲ့ ဗုံး ၂ လုံး ကြဲသွားတယ် လို့ ပြောပါတယ်”ဟု လူအခွင့်အ​ရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်​သောဒေါ်ခွန်ဂျာက ဖေစ်ဘွခ်တွင်​ရေးသာထားသည်။

နန်ဆန်ယန်သို့ဗုံးသွားကျဲသည့် စစ်​ကောင်စီ​လေယာဥ်များမှာ တံတားဦး​လေတပ်မှ ယ​နေ့ (​ဇူလိုင် ၂၁ )ည ၉ နာရီ ၅၄ မိနစ် ၊၅၅ မိနစ် ဝန်းကျင်တွင် ၃ စီး ထွက်ခဲ့ခြင်းဖြစ်သည်။ထို​နောက်ကချင်ပြည်နယ် နန်ဆန်ယန်သို့ ပျံသန်း ဗုံးကျဲပြီး​နောက် ည ၁၁ နာရီ ၄ မိနစ်တွင် ၁ စီး ၊ ည၁၁ နာရီ ၉ မိနစ်တွင် တစ်စီး ၊ ည ၁၁ နာရီ ၁၃ မိနစ်တွင် ၁ စီး အသီးသီး​​လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့​ကြောင်း စစ်​ကောင်စီ ​လေ​ကြောင်းပျံသန်း မှုများ​စောင့်ကြည့် သတိ​ပေး​နေ​သောEAR (Enemy Air Route )ချန်နယ်က ဖော်ပြသည်။

ထို​လေယာဥ်များမှာ နန်ဆန်ယန်သို့သွား​ရောက်ဗုံးကျဲခြင်းဖြစ်​ကြောင်း​ဒေသခံအချို့ကအတည်ပြုသည်။သို့​သော်စစ်​ကောင်စီ ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ထိခိုက် ပျက်စီးမှု ရှိ ၊မရှိကိုမူ People’s Spring မသိရ​သေးပါ ။နောက်ဆက်တွဲသတင်းများကိုထပ်မံ​ဖော်ပြပါမည်။

Public Service Announcement

Public Service Announcement

အိမ်​ခြေ( ၂၀၀ )ဝန်းကျင် ၊လူဦး​ရေ တစ်​ထောင်ခန့်ရှိ​​သောနန်ဆန်ယန်ရွာတွင် ​ဒေသခံများသည် တိုက်ပွဲများဖြစ်ပွားသည်နှင့်ဘေးလွှတ်ရာသိူ့ထွက်​ပြေးတိမ်း​ရှောင်​နေကြသည်။

ဗုံးတစ်လုံးမှာ နန်ဆန်ယန်ရွာအတွင်းကျသည်ဟုကနဦးသတင်းရရှိပြီး ​နေထိုင်သူများမရှိ၍ ထိခိုက်မှု မရှိနိုင်​ကြောင်းစစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တစ်​ကျော့ပြန် စစ်ပွဲများ ဖြစ်ပွားခဲ့ရာအဦးဆုံးဖြစ်ခဲ့​သော နန်ဆန်ယန်တွင် စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုး​လာ၍ ဇူလိုင်၃ ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေခြင်းဖြစ်သည်။ စစ်​ကောင်စီက တပ်ရင်း ၁၁ ရင်းထိအသုံးပြုထိုးစစ်ဆင်လာ​သော်လည်း KIA ကပိတ်ဆို့တိုက်ခိုက်မှု​ကြောင့် စစ်တပ်​သေဆုံးထိခိုက်မှုများကာ အထိနာ​နေသည်။စစ်​ကောင်စစ်​၏ စစ်ကူလာ​သောစစ်ကြောင်းများကိုလည်း KIA ကဖြတ်​တောက်တိုက်ခိုက်ထားသဖြင့် ​သေဆုံးထိခိုက်မှုများပြီးအထိပိုနာနေသည်။

စစ်​ကောင်စီကတိုက်ပွဲကာလ သုံးပါတ်နီးပါးကြာလာချိန်တွင် ​လေ​ကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ခြင်းဖြစ်သလို၊ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်​ရေးအရအ​ရေးပါ​သော လက်ခတ်​တောင်​ကြောတစ်ခုလုံးကို KNU/KNLA ကဦး​ဆောင်​သော ​တော်လှန်​ရေးတပ်ဖွဲ့များက သိမ်းပိုက်​သော​နေ့တွင် ​လေ​ကြောင်းမှလာဗုံးကျဲခြင်းဖြစ်သည်။ ​တော်လှန်​ရေးတပ်ဖွဲ့များ​အောင်ပွဲ ကြီးကြီးရပြီး ပြည်သူများ တက်ကြွ​၊အားတက်လာပါက စစ်​ကောင်စီက အာရုံး​ပြောင်း​လေ့ရှိသဖြင့် ၎င်းတို့လှည့်ကွက်ကိုသတိထားကြရန် စစ်​ရေး​လေ့လာသူအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။