Connect with us

Hi, what are you looking for?

သတင်း

ဟန်လင်းပျူမြို့ဟောင်းရှိ စစ်ကောင်စီတပ်ကို ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

တိုက်ခိုက်မှုမှာ ၂နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ စက်ကလေးအပါအဝင် လက်နက်ငယ်များအပါအဝင် (၆၀)မမလေးလုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ပူးပေါင်းတပ်မှရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

(ဟန်လင်းပျူမြို့ဟောင်း၌ တိုက်ပွဲဖြစ်ပွားနေသည်ကို ၂၀၂၂ အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဟန်လင်းပျူမြို့ဟောင်း၌ တိုက်ပွဲဖြစ်ပွားနေသည်ကို ၂၀၂၂ အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးသီးချခြင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောင်ဆည်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယနေ့(ဇူလိုင် ၂၂)နံနက် ၅ နာရီကျော်က ဝက်လက်မြို့နယ် ဟန်လင်းပျူမြို့ဟောင်း၌ အင်အား (၄၀)ခန့်ဖြင့် အထိုင်ချထားသော စစ်ကောင်စီတပ်ကို PDF ဒရုန်းတပ်ရင်းမှ ဦးဆောင်၍ ကျောက်ဆည်ခရိုင် တပ်ရင်း(၁)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၅)တို့ပူးပေါင်းပြီး ဒရုံးဖြင့် ဗုံးသီးခြောက်လုံး၊ ရော့ကတ်လက်နက်ကြီး ရှစ်လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒရုန်းနဲ့တိုက်ခိုက်တယ်။ ရော့ကတ်နဲ့ ထုတယ်။ အဲဒီမှာနှစ်ကောင် ပွဲချင်းပြီး နေရာတင် သေတယ်။ ပြီးရင် ခုနစ်ကောင် အပြင်းအထန် ဒဏ် ရာရတယ်”ဟု ကျောက်ဆည်ခရိုင် တပ်ရင်း (၁)မှ တာ ဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုမှာ ၂နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ စက်ကလေးအပါအဝင် လက်နက်ငယ်များအပါအဝင် (၆၀)မမလေးလုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ပူးပေါင်းတပ်မှရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဇူလိုင် ၁၇ ရက်ကလည်း မန္တလေးခရိုင် တပ်ရင်း(၃)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဟန်လင်းပျူမြို့ဟောင်းရှိ စစ်ကောင်စီတပ်စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရကာ ပျူစောထီးသုံးဦးကို အရှင်ဖမ်းမိခဲ့သည်။

ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုး၍ ရွေဘိုသို့ပြန်မည့်စစ်ကောင်စီတပ်ကို ယမန်နေ့(ဇူလိုင် ၂၁)က ရွှေဘိုခရိုင် တပ်ရင်း(၁၅)နှင့် ပူးပေါင်းအဖွဲ့မှ ရွှေဘို-မန္တလေးလမ်းတလျှောက် မိုင်းကွင်းများဆင်၍ အဆင့်ဆင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံစစ်ရှောင် သုံးဦး သေဆုံးခဲ့ရကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး