Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ ထောင်ဖောက်ပြေးတဲ့ ထိုင်း နဲ့ မြန်မာ ၂ ဦး နာရီပိုင်းအတွင်းပြန်မိ

အကျဉ်းထောင်အနောက်ဖက် သစ်တောထဲဝင်ပြေးသွားတဲ့မြန်မာအမျိုးသားကိုလည်း ၂ နာရီခန့်အကြာ မနက် ၁၀ နာရီခန့်မှာ ဖမ်းမိခဲ့ပါတယ်။

Photo - Piyarat Chongcharoen
Photo - Piyarat Chongcharoen

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာပူရီ အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်း နိုင်ငံသား နဲ့ မြန်မာ နိုင်ငံသား ၂ဦးတို့ မနေ့မနက်ပိုင်းက ထောင်ဖောက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းမိသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

မနက် ၈ နာရီခန့်မှာ ထောင်ဖောက်ပြေးကြတာပါ။ သူတို့ ၂ ဦးဟာ ၆ ပေခန့် မြင့်တဲ့ သံဆူးကြိုးကို ကျော်ဖြတ်ပြီးထွက်ပြေးသွားတာလို့ သိရပါတယ်။

ထောင်ဖောက်ပြေးသူ ၂ ဦးအနက် ထိုင်းအမျိုးသားကိုတော့ အကျဉ်းထောင်လုံခြုံရေးတွေ ကအချိန်တိုတွင်း ပြန်မိသွားပါတယ်။

အကျဉ်းထောင်အနောက်ဖက် သစ်တောထဲဝင်ပြေးသွားတဲ့မြန်မာအမျိုးသားကိုလည်း ၂ နာရီခန့်အကြာ မနက် ၁၀ နာရီခန့်မှာ ဖမ်းမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ထောင်ဖောက်ပြေးသူ ၂ ဦးဟာ ထောင်မှာ ပြစ်ဒဏ်ကျခံနေရသူတွေမဟုတ်ဘဲ ပြန်လည်ထူထောင်ရေးအစီအစဉ်နဲ့ ထိန်းသိမ်းထားသူတွေဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။