Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ရဲချုပ်အ​ပြောင်းအလဲပြုလုပ်

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်အား ရဲချုပ်တာဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီမီဒီယာက ဇူလိုင်လ ၂၁ ရက်နေ့ညတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

(စစ်​ကောင်စီ ရဲချုပ် အဖြစ်မှ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်​ပြောင်းလဲတာဝန်​ပေးခံရ​သော ဗိုလ်ချုပ်ဇင်​မင်းထက်ကို ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ ရဲချုပ် အဖြစ်မှ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်​ပြောင်းလဲတာဝန်​ပေးခံရ​သော ဗိုလ်ချုပ်ဇင်​မင်းထက်ကို ။ဓါတ်ပုံ-စစ်​ကောင်စီ)

စစ်​ကောင်စီက ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်း၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကိုအစားထိုး ခန့်အပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်အား ရဲချုပ်တာဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီမီဒီယာက ဇူလိုင်လ ၂၁ ရက်နေ့ညတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇင်မင်းထက်သည် ၂၀၂၂ ခုနှစ် မေလလက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ကောင်စီက ဖြုတ်ချပြီးနောက် ရဲချုပ်အဖြစ် တာဝန်‌ပေးခံရသူဖြစ်သည်။ ဗိုလ်ချုပ်ဇင်မင်းထက်ကို ရဲချုပ်အဖြစ်ခန့်အပ်စဉ်ကလည်း ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ထို​ကြောင့် ၎င်းသာ ၁ နှစ်ကျော်သာ ရဲချုပ်ရာထူးရခဲ့သည်။

Public Service Announcement

Public Service Announcement

၎င်းအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်သည်ကို တွေ့ရသည်။

“အုပ်ချုပ်ရေး ပရမ်းပတာတွေ ဖြစ်နေတာ။ လူသစ်စုလည်းမရ။ ရဲထဲမှာ အဂတိ‌ ရော ကိုယ်ကျင့်တရားရော ဆိုးနေတာ။ ကျမတို့တောင် ကြည့်နေကြည့်စားနေရတယ်” ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။