Connect with us

Hi, what are you looking for?

သတင်း

ကော်လာဖိုးအဖွဲ့လက်ချက်ကြောင့် KNLAတပ်မှူးအပါအဝင် နှစ်ဦးကျဆုံး၊ ငါးဦး ဒဏ်ရာရဟု KNU ဗဟိုအတည်ပြု

ဇူလိုင် ၁၉ရက်က တပ်မဟာ(၄) ၊ KNLA တပ်ရင်း (၁၀)နယ်မြေ၌ ခရီးသွားလာနေသည့် KNLA ဗိုလ်မှူးအဆင့်ရှိသူပါသောအဖွဲ့ကို KTLAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(KNLAမှ ဗိုလ်မှူး တစ်ဦးနှင့် ၎င်း၏ တပည့်တစ်ဦးတို့ယာဥ်အား ပစ်ခတ်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNLA GHQ)
(KNLAမှ ဗိုလ်မှူး တစ်ဦးနှင့် ၎င်း၏ တပည့်တစ်ဦးတို့ယာဥ်အား ပစ်ခတ်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KNLA GHQ)

“ကျန်တဲ့ KTLA အစုအဖွဲ့က တစ်ခါမှ ဒီလိုပဋိပက္ခမဖြစ်ဘူး။ ကော်လာဖိုး တစ်ယောက်တည်းကပဲ ဒီလိုမျိုးဖြစ်လာခဲ့တာ နှစ်ကြိမ်ရှိပြီ”

ကရင်အမျိုးသားအစည်အရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ တွင် လှုပ်ရှားနေသည့် ကော်လာဖိုးဦးဆောင်သော ကော်သူးလေအာမီ(KTLA) လက်ချက်ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဗိုလ်မှူး တစ်ဦးနှင့် ၎င်း၏ တပည့်တစ်ဦးတို့ ကျဆုံးကာ ငါးဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

ဇူလိုင် ၁၉ရက်က တပ်မဟာ(၄) ၊ KNLA တပ်ရင်း (၁၀)နယ်မြေ၌ ခရီးသွားလာနေသည့် KNLA ဗိုလ်မှူးအဆင့်ရှိသူပါသောအဖွဲ့ကို KTLAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကော်လာဖိုးအဖွဲ့က ပစ်ခတ်တယ်ဆိုတာမှန်ပါတယ်။ ကျနော်တို့ တပ်မှူး။ ရေးဘက်က ရေးတာဝန်ခံပေါ့။ ဗိုလ်မှူးပေါ့။ သူကတော့ သူ့တပည့်တယောက်နဲ့ ကျဆုံးတာပေါ့။ ကျန်တာ ငါးယောက်ကတော့ ဒဏ်ရာရတယ်လို့ ကျနော်တို့လည်း အဲဒီလို အတည်ပြုလို့ရပါတယ်” ဟု ပဒိုစောကလယ်စေးက ပြောကြားသည်။

ဖြစ်ပွားရသည့် အကြောင်းအရင်း အသေးစိတ် အခြေအနေကို ပြောရန်ခက်ခဲ့ကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျနော်တို့ တပ်ဘက်ကရော ကော်လာဖိုးတို့ ဘက်ကရောဆိုတာ အဲဒီ ဒေသခံတွေ ဖြစ်တဲ့အပေါ်မှာ ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှုတွေများ ရှိနိုင်မလားပေါ့။ အဲဒါလည်း ကျနော်တို့ ထည့်စဉ်းစားရတဲ့ အရာဖြစ်ပါတယ်။နောက်တစ်ခုက ကျန်တဲ့ KTLA အစုအဖွဲ့က တစ်ခါမှ ဒီလို ပဋိပက္ခ မဖြစ်ဘူး။ ကော်လာဖိုး တစ်ယောက်တည်းကပဲ ဒီလိုမျိုးဖြစ်လာခဲ့တာ နှစ်ကြိမ်ရှိပြီဆိုတော့ ဒီကိစ္စကို ထည့်သွင်းစဉ်းစားပြီးတော့ တစ်စုံတစ်ခု ဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာ ကျနော်တို့ သဘောထား ရှိပါတယ်”ဟု ပဒိုစောကလယ်စေးက ပြောသည်။

ယခင်ကလည်း ကော်လာဖိုးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်မဟာ(၄)မှ အရာရှိအချို့ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။

ကော်လာဖိုးသည် ယခင်စစ်အစိုးရ လက်ထက်က စစ်တပ်ထံ လက်နက်နှစ်ကြိမ်ချထားသူဖြစ်သည်ဟု ဆိုသည်။ နွေဦးတော်လှန်ရေးကာလ၌ ကော်လာဖိုးအဖွဲ့ ပြန်ပေါ်လာပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု ရှိသကဲ့သို့ တပ်မဟာ(၄)နှင့်လည်း မကြာခဏ ပြဿနာဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။