သတင်း ကြည့်မြင်တိုင်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက် အဆိုပါ ပေါက်ကွဲမှုအပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ ကမ်းနားလမ်း၊ အထက် ကြည့်မြင်တိုင်လမ်း၊ ဗားကရာလမ်းတို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ LuduNwayOoမတ် 23, 2023
သတင်း ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်း မတရားချမှတ် ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။ LuduNwayOoမတ် 23, 2023
သတင်း ကရင်နီပြည်တွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က တောင်ကွဲစေတီ၌ ယတြာချေ စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။ LuduNwayOoမတ် 23, 2023
သတင်း ရွှေကူနယ်တွင် ကျေးရွာများဖျက်ဆီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA/PDF တိုက်ခိုက် စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ LuduNwayOoမတ် 23, 2023
သတင်း “ညနေခင်းသတင်း” ဒီနေ့ (မတ်လ ၂၃ ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။ LuduNwayOoမတ် 23, 2023
သတင်း ခင်ဦးနယ်တွင် စစ်ကောင်စီတပ်က ကျေးရွာစီးနင်းမီးရှို့စဉ် ထွက်မပြေးနိုင်ဘဲကျန်ခဲ့သည့် အဘိုးအိုအား သတ်ဖြတ်သွား ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။ LuduNwayOoမတ် 23, 2023
သတင်း တမူးမဟာမိတ်စခန်းတစ်ခုကိုစီးနင်းသောစစ်တပ်အားပြန်လည်တိုက်ခိုက်၊ စစ်တပ်အထိနာသဖြင့်လေကြောင်းသုံး ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့ကပြောသည်။ LuduNwayOoမတ် 23, 2023
သတင်း ‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင် မတ်လ ၂၆ ရက်တွင် အမေရိကန်နိုင်ငံ၌ စတင်ပြသမည် မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဇာတ်ကား ရိုက်ကူးရေးအတွက် မြန်မာနိုင်ငံနှင့်ဆင်တူသည့်နေရာကို ရွေးချယ်ခဲ့ကာတရားဝင်နေထိုင်ခွင့်ရရှိထားသူများ မဟုတ်သောကြောင့် Risk ယူ၍ ရိုက်ကူးခဲ့ရသည်ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။ LuduNwayOoမတ် 23, 2023
သတင်း ထယ်ဘွေးစခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရပြီး ၆ ဦးထပ်သေ မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာသောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့သည်။ LuduNwayOoမတ် 23, 2023
သတင်း မတ္တရာတွင် စစ်အုပ်စုအထိနာ၍ ပိုဝမြောက်ရွာအား မီးတင်ရှို့ဖျက်ဆီး ပိုဝကျေးရွာသည် ယခုမတ်လအတွင်း နှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပထမအကြိမ်က စာသင်ဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ LuduNwayOoမတ် 23, 2023