Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းနှင့် ပန်တိန်းဒေသတို့တွင် တိုက်ပွဲပြင်းထန်နေ

မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက ဖားဆောင်းနှင့် ရွာသစ်မြို့များဘက်မှ မြေပြင် တပ်ရင်းလေးခု ထက်မနည်းအသုံးပြုထားကြောင်း ကရင်နီစစ်ရေးစောင့်ကြည့်သူများက ဆိုသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - CJ
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - CJ

▪️စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားအသုံးပြုနေရသည်ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းနှင့် ပန်တိန်း ဒေသတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားအသုံးပြုနေရသည်ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင် ၆ရက်)နံနက်ပိုင်းကစ၍ ဖားဆောင်း မြို့နယ်၌ စစ်ကြောင်းထိုးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကာ မယ်စဲ့မြို့ ပန်တိန်း​ဒေသတွင်လည်း ထိတွေ့မှု ပြင်းထန်နေသည်ဟု ဆိုသည်။

“ဖားဆောင်းဘက်ကတော့ စကစဘက်က တပ်တွေလှုပ်လာလို့ နှစ်ဖက်ထိတွေ့မှု မနက် ၉ နာရီလောက်ကတည်းက ဖြစ်နေတယ်။နောက်ပြီး မယ်စဲ့ကတော့ ကလလတ KNPLFရဲ့ (BGF) ၁၀၀၄အဖြစ် ထိုင်ခဲ့တဲ့ ပန်တိန်းမှာတိုက်ပွဲပြင်းထန်နေတယ်”ဟု ကရင်နီ စစ်ဖက်ရေးရာသတင်းရင်းမြစ်က ရှင်းပြသည်။

တိုက်ပွဲဖြစ်ပွားနေရာပြ မြေပုံ
တိုက်ပွဲဖြစ်ပွားနေရာပြ မြေပုံ

ပန်တိန်းဒေသတွင် စစ်ကောင်စီ လေယာဥ်သုံးစီး ထက်မနည်း အသုံးပြုနေရပြီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီမြေပြင်တပ်ကို ပစ်ကူပေးနေရခြင်းမျိုးဖြစ်နိုင်ကြောင်းလည်း ကရင်နီ ဒေသခံစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

“အသေးစိတ်အခြေအနေ တော့ မသိရသေးဘူး။ဒါပေမယ့် ရွာသစ်လမ်းကြောင်းကနေ မယ်စဲ့ထဲ တိုးဖို့လုပ်နေတယ်။အဲဒါကြောင့် တိုက်ပွဲဖြစ်နေတာ”ဟု ၎င်းက ပြောသည်။

မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက ဖားဆောင်းနှင့် ရွာသစ်မြို့များဘက်မှ မြေပြင် တပ်ရင်းလေးခု ထက်မနည်းအသုံးပြုထားကြောင်း ကရင်နီစစ်ရေးစောင့်ကြည့်သူများက ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ကရင်နီ(ကယား)ပြည်နယ်သို့ စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ယမန်နေ့က ပြောထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရာတွင် အောင်မြင်မှုများစွာရရှိနေသော ကရင်နီဒေသကို စစ်ကောင်စီက တပ်မ (၅၅) ၊ တပ်မ (၆၆) ၊ တပ်မ (၄၄)၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခု အပြင် ရှမ်းပြည်နယ်အခြေစိုက်အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂)၊(စကခ ၁၈) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ စစ်သင်တန်းကျောင်းတွေရှိတဲ့ (၇)မိုင်ရွာနဲ့ တွင်းငယ်ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက ပြောပါတယ်။

သတင်း

တိုက်ပွဲများပြင်းထန်၍ ကရင်နီပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod Englishက ယနေ့(မတ်လ ၁၁ရက်) ဖော်ပြသည်။

သတင်း

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA) ဦး​ဆောင်​သောပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေကြောင်း​ဒေသခံနှင့် စစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

သတင်း

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး မြဝတီ​ဒေသသို့ မီး ၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်​တောက်ထားချိန်တွင် အင်အားဖြည့်တင်းထား​သောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် ယခုရက်ပိုင်းတိုက်ပွဲများ ပြင်းထန်နေသည်။