Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ထံ မည်သည့်စစ်ဘက်ဆိုင်ရာရောင်းချမှုကိုမျှ ဆောင်ရွက်ပေးခြင်းမရှိကြောင်း စင်ကာပူပြော

မြန်မာစစ်တပ်အတွက် ထောက်ပို့ရေးပစ္စည်းများ တင်ပို့နေသည့် ကုမ္ပဏီ ၁၃၈ အခုအနက် ၉ ခုမှာ စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိတော့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

(စင်ကာပူနိုင်ငံခြား​ရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်ကို စင်ကာပူလွှတ်​တော်အတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-စင်ကာပူMOFA)
(စင်ကာပူနိုင်ငံခြား​ရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်ကို စင်ကာပူလွှတ်​တော်အတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-စင်ကာပူMOFA)

“ကျွန်တော်တို့ဟာ မြန်မာအရပ်သားပြည်သူတွေ ခံစားနေရမှုကို ထပ်တိုးလာမှာ မလိုလားပါဘူး” – စင်ကာပူနိုင်ငံခြားရေးဝန်ကြီး

“အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ ၎င်းတို့ရဲ့ ရောယှက်ပါဝင်နေမှုတွေကို အဆုံးသတ်ခြင်းနဲ့ စတင်ရမှာ ဖြစ်ပါတယ်” – JFM

စင်ကာပူအစိုးရသည် မကြာသေးမီနှစ်များအတွင်းက မြန်မာစစ်တပ်ထံ မည်သည့်စစ်ဘက်ဆိုင်ရာရောင်းချမှုကိုမျှ ဆောင်ရွက်ပေးခြင်းမရှိကြောင်း နိုင်ငံခြားရေး ဗီဗီယန်ဘလာခရစ်ရှ်နန်က ငြင်းပယ်လိုက်သည်။

ဇူလိုင် ၃ ရက်တွင် ကျင်းပသော စင်ကာပူလွှတ်တော်၌ လွှတ်တော်အမတ်နှစ်ဦး၏ မေးမြန်းချက်အပေါ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြတ်သားစွာငြင်းဆိုခဲ့ပြီး စင်ကာပူအစိုးရသည် မြန်မာစစ်တပ်ထံ စစ်လက်နက်များနှင့် နှစ်မျိုးသုံးကုန်ပစ္စည်းများကို လွှဲပြောင်းရောင်းချခြင်းကို ၎င်းတို့၏ မူဝါဒနှင့်အညီ တားမြစ်ပိတ်ပင်ထားကြောင်း ဖြေကြားသည်။

“ပထမဆုံးရှင်းရှင်းလင်းလင်းသိစေလိုတာက စင်ကာပူအစိုးရဟာ မြန်မာနိုင်ငံကို အထွေထွေစစ်လက်နက်တင်ပို့ရောင်းချမှု မရှိပါဘူး။ ကျွန်တော်တို့ဟာ မြန်မာအရပ်သားပြည်သူတွေ ခံစားနေရမှုကို ထပ်တိုးလာမှာ မလိုလားပါဘူး” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

မြန်မာစစ်တပ်အတွက် ထောက်ပို့ရေးပစ္စည်းများ တင်ပို့နေသည့် ကုမ္ပဏီ ၁၃၈ အခုအနက် ၉ ခုမှာ စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိတော့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းခြင်းနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများ လွှဲပြောင်းပေးပို့နေခြင်းများကို တားဆီးရန် စင်ကာပူ၏ ကတိကဝတ်သည် အပြုသဘောဆောင်သော်လည်း ပိုမိုအားစိုက်လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

“စင်ကာပူဟာ မြန်မာစစ်အုပ်စုအတွက် ငွေကြေးနဲ့ ကုန်သွယ်မှုဗဟိုချက်အဖြစ် ကာလကြာရှည်ကတည်းက လူသိများခဲ့ပြီး ဒီအချက်ဟာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း အနည်းဆုံးအမေရိကန်ဒေါ်လာ ၂၄၇ သန်းဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကြမ်းဖက်မြန်မာစစ်အုပ်စုဆီကို တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ စင်ကာပူဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ ၎င်းတို့ရဲ့ ရောယှက်ပါဝင်နေမှုတွေကို အဆုံးသတ်ခြင်းနဲ့ စတင်ရမှာ ဖြစ်ပါတယ်” ဟု JFM က တိုက်တွန်းသည်။

ပြီးခဲ့သည့် မေလတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ သောမက်အန်ဒရူးစ်က အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် စင်ကာပူသည် လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း မြန်မာစစ်ကောင်စီနှင့် အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများကိုတင်ပို့ခဲ့ကြောင်း ဖော်ပြသည်။

စင်ကာပူအစိုးရသည် အထက်ပါကုလသမဂ္ဂအရာရှိ စွပ်စွဲချက်များနှင့်ပတ်သက်၍ တိကျမှု၊ အတည်ပြုမှုများ ရှာဖွေရန် ယင်းအရာရှိနှင့် အပြုသဘောအနီးကပ်ဆက်လက်အလုပ်လုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့အပြင် စင်ကာပူအစိုးရသည် မြန်မာသို့ စစ်လက်နက်နှင့် နှစ်မျိုးသုံးကုန်ပစ္စည်းများ မတင်ပို့ရသည့် ၎င်းတို့၏ မူဝါဒကို ချိုးဖောက်သည့် မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို အရေးယူသွားရန် နှောင့်နှေးနေမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။