Connect with us

Hi, what are you looking for?

သတင်း

နန်ဆန်ယာန်ဒေသတွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်မဖြစ်သည့်နေရာများကိုပါ လက်နက်ကြီးများပစ်ခတ်

ဇူလိုင် ၃ရက်မှစ၍ KIA ဌာနချုပ်နယ်မြေအနီးရှိနန်ဆန်ယာန်ဒေသတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

(နေရပ်ပြန်​နေထိုင်သည်မှာ မကြာ​သေး​သော နန်ဆန်ယာန်​ကျေးရွာနှင့်အနီးတစ်ဝိုက်မှ ​ဒေသခံများမှာ ထပ်မံ​ထွက်ပြေး​ တိမ်း​ရှောင်​နေရသည်။ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(နေရပ်ပြန်​နေထိုင်သည်မှာ မကြာ​သေး​သော နန်ဆန်ယာန်​ကျေးရွာနှင့်အနီးတစ်ဝိုက်မှ ​ဒေသခံများမှာ ထပ်မံ​ထွက်ပြေး​ တိမ်း​ရှောင်​နေရသည်။ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)

“ဗန်းမော်ဘက်က စစ်ကြောင်းတွေလည်း တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ထိုးဝင်လာတဲ့အနေအထားကို တွေ့ရပါတယ်။ အဲဒါကြောင့် တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့တော့များပါတယ်” – ဗိုလ်မှူးကြီးနော်ဘူ

ကချင်ပြည်နယ် နန်ဆန်ယာန်ဒေသ၌ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကျေးရွာအချို့ကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဇူလိုင် ၃ရက်မှစ၍ KIA ဌာနချုပ်နယ်မြေအနီးရှိနန်ဆန်ယာန်ဒေသတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“နန်ဆန်ယာန်မှာဖြစ်တဲ့တိုက်ပွဲကတော့ မနေ့ကတော့ မြေပြင်တိုက်ပွဲမရှိဘူး။ စကစဘက်ကနေ လက်နက်ကြီးနဲ့ရမ်းပစ်တာလည်းရှိပါတယ်။ တိုက်ပွဲဖြစ်တာကတော့နန်ဆန်ယာန်ဘက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်ပွဲမဖြစ်တဲ့ ရွာတွေဖြစ်တဲ့ မိုင်ဆပ်ပါဘက်မှာလည်း သူတို့က လက်နက်ကြီးနဲ့ပစ်တဲ့အနေအထားကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့ စကစဘက်က စစ်ကူတွေလည်း ပြန်ပြီးတိုးထားတာကိုတွေ့ရပါတယ်။ မနေ့က ညနေပိုင်းအထိ တော့ ဗန်းမော်ဘက်က စစ်ကြောင်းတွေလည်း တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ထိုးဝင်လာတဲ့အနေအထားကို တွေ့ရပါတယ်။ အဲဒါကြောင့် တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့တော့များပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ပြောကြားသည်။

မြစ်ကြီးနား – ဗန်းမော်ကားလမ်းလည်း အခုထက်ထိပိတ်ထားဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူလူထု သွားလာလှုပ်ရှားတာလည်း မတွေ့ရပါဘူး။ နန်ဆန်ယာန်ကျေးရွာမှာလည်း ပြည်သူလူထုက မရှိသလောက်ဖြစ်နေပါတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းဖြစ်ပါတယ်ဓဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နန်ဆန်ယာန်ဒေသခံတစ်ဦးကမူ ယမန်နေ့ညပိုင်းတွင် နန်ဆန်ယာဘက်သို့အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိသည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။