Connect with us

Hi, what are you looking for?

သတင်း

နန်ဆန်ယန်သို့စစ်ကူလာသည့်စစ်​ကောင်စီစစ်ကြောင်း KIA ကြားဖြတ်တိုက်ခိုက်၍ စစ်တပ်အထိနာ

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၈ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-AP)
(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၈ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-AP)

ကချင်ပြည်နယ် နန်ဆန်ယန်ကျေးရွာအနီးတဝိုက်ဖြစ်ပွားနေသည့် တိုက်ပွဲသို့စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ကိုယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကချင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ဇူလိုင် ၃ရက်မှစ၍ နန်ဆန်ယန်ဒေသ၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

“အောင်ဂျာမှာအရင်KIA ရဲ့စိုက်ပျိုးရေးခြံနားမှာဖြစ်တာ။ ဟိုဘက်က တက်လာလို့ဒီဘက်ကစောင့်ပစ်တာတဲ့”ဟု ဇူလိုင် ၅ ရက်​​နေ့ည တိုက်ပွဲအခြေအနေကို ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

သို့ရာတွင် ယမန်နေ့ ဇူလိုင် ၅ရက်တွင် စစ်ကောင်စီတပ်က နန်ဆန်ယာန်နှင့် မိုင်ဆပ်ပါဒေသသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက သတင်းဖော်ပြထားသည်။ စစ်ရေးအခြေအနေအရ မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက်ခရီးသွား‌ ပြည်သူများ သတိဖြင့်သွားလာရန် ၊တိုက်ပွဲဖြစ်ပွားရာနေရာမှ တိမ်းရှောင်ရန် တို့ကို KIO/KIAက သတိပေးချက်ထုတ်ပြန်ထားသည်။

နန်ဆန်ယန်ဒေသသည် KIO/KIA ဌာနချုပ် လိုင်ဇာနှင့် နီးသည့် ဒေသဖြစ်ပြီးယခင်က စစ်ကောင်စီတပ်များနေရာယူထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်းများကို ပြန်လည်ရုတ်သိမ်းသွားရာမှ ဇွန်လ တွင် စစ်ကောင်စီက စစ်ရေးပြန်လည်လှုပ်ရှားလာ၍ ဇွန်လ ၁၆ရက်တွင် တိုက်ပွဲစတင်ခဲ့သည်။ အဆိုပါတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို KIAက သိမ်းဆည်းရရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

ဇူလိုင်လဆန်းတွင် အဆိုပါဒေသို စစ်ကောင်စီတပ်က စစ်အင်အားအများအပြားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာပြန်ခြင်းဖြစ်သည်။ စစ်​ကြောင်းထိုးလာခြင်းမှာလိုင်ဇာဌာနချုပ်ကိုဖိအားပေးရန်၊ သို့မဟုတ် မြစ်ကြီးနား- ဗန်မော်လမ်းနှင့် နန်ဆန်ယန်ဒေသကို ပြန်လည်ထိန်းချုပ်ရန်အတွက်ဖြစ်နိုင်သည်ဟု ဒေသခံကချင်သတင်းရင်းမြစ်အချို့က သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်