Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နန်ဆန်ယန်သို့စစ်ကူလာသည့်စစ်​ကောင်စီစစ်ကြောင်း KIA ကြားဖြတ်တိုက်ခိုက်၍ စစ်တပ်အထိနာ

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၈ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-AP)
(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၈ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-AP)

ကချင်ပြည်နယ် နန်ဆန်ယန်ကျေးရွာအနီးတဝိုက်ဖြစ်ပွားနေသည့် တိုက်ပွဲသို့စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ကိုယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကချင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ဇူလိုင် ၃ရက်မှစ၍ နန်ဆန်ယန်ဒေသ၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

“အောင်ဂျာမှာအရင်KIA ရဲ့စိုက်ပျိုးရေးခြံနားမှာဖြစ်တာ။ ဟိုဘက်က တက်လာလို့ဒီဘက်ကစောင့်ပစ်တာတဲ့”ဟု ဇူလိုင် ၅ ရက်​​နေ့ည တိုက်ပွဲအခြေအနေကို ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

သို့ရာတွင် ယမန်နေ့ ဇူလိုင် ၅ရက်တွင် စစ်ကောင်စီတပ်က နန်ဆန်ယာန်နှင့် မိုင်ဆပ်ပါဒေသသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက သတင်းဖော်ပြထားသည်။ စစ်ရေးအခြေအနေအရ မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက်ခရီးသွား‌ ပြည်သူများ သတိဖြင့်သွားလာရန် ၊တိုက်ပွဲဖြစ်ပွားရာနေရာမှ တိမ်းရှောင်ရန် တို့ကို KIO/KIAက သတိပေးချက်ထုတ်ပြန်ထားသည်။

နန်ဆန်ယန်ဒေသသည် KIO/KIA ဌာနချုပ် လိုင်ဇာနှင့် နီးသည့် ဒေသဖြစ်ပြီးယခင်က စစ်ကောင်စီတပ်များနေရာယူထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်းများကို ပြန်လည်ရုတ်သိမ်းသွားရာမှ ဇွန်လ တွင် စစ်ကောင်စီက စစ်ရေးပြန်လည်လှုပ်ရှားလာ၍ ဇွန်လ ၁၆ရက်တွင် တိုက်ပွဲစတင်ခဲ့သည်။ အဆိုပါတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို KIAက သိမ်းဆည်းရရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

ဇူလိုင်လဆန်းတွင် အဆိုပါဒေသို စစ်ကောင်စီတပ်က စစ်အင်အားအများအပြားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာပြန်ခြင်းဖြစ်သည်။ စစ်​ကြောင်းထိုးလာခြင်းမှာလိုင်ဇာဌာနချုပ်ကိုဖိအားပေးရန်၊ သို့မဟုတ် မြစ်ကြီးနား- ဗန်မော်လမ်းနှင့် နန်ဆန်ယန်ဒေသကို ပြန်လည်ထိန်းချုပ်ရန်အတွက်ဖြစ်နိုင်သည်ဟု ဒေသခံကချင်သတင်းရင်းမြစ်အချို့က သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။