Connect with us

Hi, what are you looking for?

သတင်း

လေယာဉ်ပျက်ကျသည့် နေရာအနီး စစ်ကောင်စီတပ်များ ဝိုင်းထား၍ အပျက်အစီးအစအနများ မရနိုင်သေးဟု ကလလတ သတင်းရင်းမြစ်ပြော

ကလလတ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုးအား အသေးစိတ်အခြေအနေများ မေးမြန်းရန် ဆက်သွယ်ရာ ယနေ့မနက်ပိုင်းအထိ အဆက်အသွယ်မရသေးပေ။

(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)
(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)

ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲအတွင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ကို ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) ရဲဘော်များက ပစ်ခတ်ခဲ့ရာ လေယာဉ်ထိခိုက်ပျက်ကျခဲ့ကြောင်း ကလလတက လေယာဉ်ပျက်ကျသည့်နေရာ မှတ်တမ်းဓာတ်ပုံကို ယမန်နေ့ညတွင် ထုတ်ပြန်ခဲ့သည်။

ရွာသစ်မြို့နယ်ခွဲအတွင်းလှုပ်ရှားနေသည့် ကလလတ တပ်ဖွဲ့များကို စစ်ကောင်စီက ဇွန်လ ၃၀ရက် တွင် လေကြောင်းမှ အနိမ့်ပျံ၍ ပစ်ခတ်တိုက်ခိုက်လာစဥ် ကလလတ ရဲဘော်များက ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ပစ်ခတ်မှုကြောင့် လေယာဉ်သည် သံလွင်မြစ် ဘေးအနီး ပျက်ကျခဲ့ရာ ယမန်နေ့ ဇူလိုင် ၅ရက်တွင် ကလလတ ၉၄၂၂ တပ်ရင်းက လေယာဉ်ပျက်ကျသည့်နေရာကို ကောင်းကင်မှရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းများ ဖော်ပြခဲ့သည်။

(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)
(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)

“ပျက်ကျတဲ့နေရာတော့ အမှန်ပါပဲ။ ခုလောလောဆယ် အနီးကပ်မသွားနိုင်သေးတော့ အစတွေ မရနိုင်သေးပါဘူး။ပျက်ကျတဲ့ အနီးနားတစ်၀ိုက် စစ်​ေးတွေ ပတ်လည်ဝိုင်းထားသေးတယ်” ဟု ကလလတသတင်းရင်းမြစ်က ပြောသည်။

ကလလတ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုးအား အသေးစိတ်အခြေအနေများ မေးမြန်းရန် ဆက်သွယ်ရာ ယနေ့မနက်ပိုင်းအထိ အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)
(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)

ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ ကွပ်ကဲမှုအောက်မှ နယ်ခြားစောင့်တပ်(၁၀၀၅) တပ်ရင်းသည် ဇွန်လတွင် မိခင်အဖွဲ့အစည်းဖြစ်ည့် ကလလတ တပ်ဖွဲ့ နှင့်အတူ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကလည်း လေကြောင်း လက်နက်ကြီးများ အသုံးပြု စစ်အင်အားများ ဖြည့်တင်းပြီး ထိုးစစ်ဆင်၍ ရွာသစ်မြို့နယ်ခွဲအတွင်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

(​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာကို ကလလတကဇူလိုင် ၅ ရက်တွင်ထုတ်ပြန်ထား​သောဓါတ်ပုံများ။ ဓါတ်ပုံ- ကလလတ)

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

Facebook