သတင်း မတူပီ – ပလက်ဝလမ်းတွင် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဟုဆို မတ်လ ၁၄ရက်ကလည်း မတူပီ - ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။ LuduNwayOoမတ် 22, 2023
သတင်း အင်းတော် – ကသာလမ်း လုံခြုံရေးစစ်ကြောင်းအား KIAနှင့် PDF တိုက်ခိုက် စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ LuduNwayOoမတ် 22, 2023
သတင်း မုံရွာမြို့တွင် အာဏာသိမ်းခေါင်းဆောင်ရောက်နေချိန်ရွှေဆိုင် ဓါးပြတိုက်ခံရ ယမတ်နေ့ (မတ်လ ၂၁ ရက်) မွန်းလွဲပိုင်းက မုံရွာ မြို့လယ်၊ လမ်းမကြီးဘေး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားကြောင်း ရွှေဆိုင်နှင့်နီးစပ်သူအချို့က ပြောသည်။ LuduNwayOoမတ် 22, 2023
သတင်း ဒီးမော့ဆိုတိုက်ပွဲနယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအလောင်းအပါအဝင် ရုပ်အလောင်းများကိုတွေ့ စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၁၀ဦးထက်မနည်းသေဆုံးသည့် တိုက်ပွဲမှာ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီး၌ ဖြစ်သည်။ LuduNwayOoမတ် 22, 2023
သတင်း ကန်ပက်လက်တွင် ပအဖ ဦးဆောင်၍ ရှစ်မိုင်ကျော်ရှည်သောကိုယ်ထူကိုယ်ထလမ်းဖောက်လုပ် မုန်းချောင်းအရှေ့ဖက်ခြမ်းနှင့်အနောက်ဖက်ခြမ်းကို ဆက်သွယ်ထားပြီး ကန်ပက်လက်မှ မင်းတပ်သို့သွားနိုင်မည့်လမ်းကို ယခုလ(မတ်လ)အတွင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ LuduNwayOoမတ် 22, 2023
သတင်း ကော်သူးလေအတွင်းရှိ ကျေးရွာနှစ်ဆယ်ကျော် လေကြောင်းတိုက်ခိုက်မှုဆိုးဆိုးရွားရွားခံနေရ ကေအဲန်ယူ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)နှင့် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် မတ်လ(၂၀)ရက် ညနေပိုင်းက တိုက်လေယာဉ်နှင့်(၉)ကြိမ်ခန့် လာရောက်ခဲ့ပြီး ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ LuduNwayOoမတ် 22, 2023
သတင်း မီးရှို့ခံနေအိမ်များအတွက် နေအိမ်ပြန်လည်တည်ဆောက်ပေးမှု အိမ်အလုံးရေ ၅၀၀ ပြည့်မြောက် မြေပြင်အခက်အခဲများကြားမှ အလေအလွင့်မရှိအောင် လုပ်ဆောင်ပေးနေပြီး ပြည်သူများအနေဖြင့် နောက်ထပ် အိမ်အလုံး၅၀၀ ပြည့်မီအောင် တတပ်တအား ပါ၀င်ကြပါရန် S&C အဖွဲ့က တိုက်တွန်းထားသည်။ LuduNwayOoမတ် 22, 2023
သတင်း မင်းတပ်မြို့အဝင် စစ်ကောင်စီဂိတ်နှင့် ပေ(၁၅၀) ခန့်ထိ CDF ရဲဘော်များ ချဉ်းကပ်နိုင်ခဲ့သည့် ဓာတ်ပုံဖော်ပြ မင်းတပ် CDF အနေဖြင့် မြို့နယ်၏ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နှင့်အနီးတဝိုက်၌လည်း လှုပ်ရှားနိုင်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယခင်က ပြောကြားထားသည်။ LuduNwayOoမတ် 22, 2023
သတင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ရေးဂိတ်တစ်ခု တိုက်ခိုက်ခံရပြီး သုံးဦးသေဟုဆို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။ LuduNwayOoမတ် 22, 2023
သတင်း မှော်ဘီလေတပ်စခန်းအနီးပေါက်ကွဲမှုများဆက်တိုက်ဖြစ် ယမန်နေ့(မတ် ၂၁ ရက်နေ့)ည ၉ နာရီ ၂၀ ခန့်က မှော်ဘီမြို့ လေ တပ်စခန်းအနီး ပေါက်ကွဲသံများဆက်တိုက်ကြားရပြီး လေတပ်ဝန်းအတွင်းမှ အရေးပေါ်ခရာမှုသံများလည်း ကြားရသည်ဟု ဒေသခံများက ဆိုသည်။ LuduNwayOoမတ် 22, 2023