Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတနှင့်ဇလွန်မြို့တို့ရှိ NLDရုံးကို စစ်အုပ်စု ဖျက်ဆီး

“ဇလွန်ရုံးရော ဟင်္သာတရုံးကိုပါ ဖျက်ဆီးသွားတာ။ ဆိုင်းဘုတ်တွေ ဖြုတ်ချသွားတယ်။ လာသွားတဲ့ကောင်တွေကို ကျွန်တော်တို့ မှတ်မိတယ်”ဟု ဟင်္သာတ မြို့ခံတစ်ဦးက ပြောသည်။

(၂၀၂၁ ဖေ‌ဖော်ဝါရီ၂၂ရက်က ဟင်္သာတမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်ငါးလုံး အထွေထွေသပိတ်မြင်ကွင်း။ ဓာတ်ပုံ - CJ)
(၂၀၂၁ ဖေ‌ဖော်ဝါရီ၂၂ရက်က ဟင်္သာတမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်ငါးလုံး အထွေထွေသပိတ်မြင်ကွင်း။ ဓာတ်ပုံ - CJ)

ဧရာဝတီတိုင်းအတွင်း ဟင်္သာတနှင့်ဇလွန်မြို့တို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဟင်္သာတမြို့ NLDပါတီရုံးကို မေလ ၄ရက်တွင် ဖျက်ဆီးပြီး ဇလွန်မြို့NLDပါတီ ရုံးကို မေလ ၅ရက်တွင် ဝင်ရောက်ဖျက်ဆီးခြင်းဟု မြို့ခံအချို့က ပြောသည်။

“ဇလွန်ရုံးရော ဟင်္သာတရုံးကိုပါ ဖျက်ဆီးသွားတာ။ ဆိုင်းဘုတ်တွေ ဖြုတ်ချသွားတယ်။ လာသွားတဲ့ကောင်တွေကို ကျွန်တော်တို့ မှတ်မိတယ်”ဟု ဟင်္သာတ မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လာ‌ရောက်ဖျက်ဆီးရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အတူ ထွေအုပ်ဝန်ထမ်းများ၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များလည်းပါဝင်သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံ‌ရေးပါတီ (၄၀)အားဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်တွင် ကြေညာပြီး‌နောက် မြို့နယ်အချို့ရှိ NLDပါတီ ရုံးအချို့ကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ပြီးခဲ့သည့် ဧပြီရ၇ရက်က မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံး ဖျက်ဆီးခဲ့ပြီး ဧပြီ ၂၅ ရက်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် NLD ပါတီရုံး ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆောင်းပါး

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။