Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၆၀၀ကျော်မီးလောင်ပျက်စီးပြီး ပြည်သူနှစ်ဦး မီးလောင်သေဆုံး

ယနေ့ (မေလ ၆ ရက်) နံနက် ၆နာရီခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှထွက်လာသည့်စစ်ကောင်စီတပ် စစ်ကြောင်းသည် မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို နံနက်၇နာရီခန့်တွင် စတင်ဝင်ရောက်ခဲ့သည်။

(လက်ထုတ္တောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(လက်ထုတ္တောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️ပြည်သူများ မီးငြှိမ်းသတ်စဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(လက်ထုတ္တောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(လက်ထုတ္တောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ယနေ့ (မေလ ၆ ရက်) နံနက် ၆နာရီခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှထွက်လာသည့်စစ်ကောင်စီတပ် စစ်ကြောင်းသည် မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို နံနက်၇နာရီခန့်တွင် စတင်ဝင်ရောက်ခဲ့သည်။

ထို့နောက် နံနက် ၈ နာရီခွဲခန့်တွင် ရွာမြောက်ပိုင်းမှ စတင်မီးရှို့ကာ ရွာပတ်လည်စည်းရိုးများကိုလည်း မီးရှိုခဲ့သည်။ အိမ်ခြေ ၇၀၀ခန့်ရှိသည့်အနက် ၆၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် ဒေသခံ အမျိုးသား နှစ်ဦး မီးလောင်သေဆုံးခဲ့ပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(လက်ထုတ္တောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(လက်ထုတ္တောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး)

“ဘုန်းကြီးကျောင်းအရှေ့ခြမ်းဘက်ကအိမ်တွေအကုန်ပါသွားပြီ။ ရွာရဲ့ အိမ်ခြေတော်တော်များများ ကုန်သွားပြီ။ သေးသေးတခြမ်းပဲရှိတော့တာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျေးရွာရှိ နွား၊ဝက်များလည်းအများအပြားသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မီးရှို့ပြီးနောက် နံနက်၁၀ နာရီခန့်တွင် နတ်ရေကန်ကျေးရွာဘက် ပြန်သွားသည်။

(လက်ထုတ္တောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(လက်ထုတ္တောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ထို့နောက် နံနက် ၁၁ နာရီခွဲခန့်တွင် ဒေသခံများက ကျေးရွာအား မီးဝင်ရောက်ငြှိမ်းသတ်ရာ စစ်ကောင်စီတပ်က ရေပိုးစားကန်ကွေ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယမန်နေ့ (မေလ ၅ရက်)နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းတစ်လျှောက် မိုင်းရှာထွက်လာသော အင်အား (၃၀)ပါ စစ်ကောင်စီတပ်အား မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကြားရှိ မိုင်းကွင်းပေါ် အရောက် ပဒေသာမိုင်း၈ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်များခဲ့ကြောင်း Black Eagle Defence Force-MMUအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။