Connect with us

Hi, what are you looking for?

သတင်း

ရုပ်ရှင်အစည်းအရုံး ဗုံးခွဲတိုက်ခိုက်ခံရ

စစ်ကောင်စီသည် အနုပညာရှင်အမည်ခံများကို လက်ကိုင်တုတ်အဖြစ်အသုံးချ၍ ဝါဒဖြန့်ချိရေးလုပ်ငန်းစဉ်များကို ခေတ်အဆက်ဆက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်သူကို အဆိပ်‌ခတ်နေခြင်းဖြစ်ကြောင်း RSNက ဆိုသည်။

ရုပ်ရှင်အစည်းအရုံး ဗုံးခွဲတိုက်ခိုက်ခံရ
ရုပ်ရှင်အစည်းအရုံး ဗုံးခွဲတိုက်ခိုက်ခံရ

စစ်ကောင်စီ​၏ အလိုကျအကယ်ဒမီဆုပေးပွဲပြုလုပ်သည့်နေ့တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်အစည်းအရုံးအား မြို့ပြပြောက်ကျားအဖွဲ့က ဗုံးဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ၏ဝါဒဖြန့်လမ်းစဉ်များ၌ ပါဝင်နေခြင်းသည် တော်လှန်ရေးနှင့် ပြည်သူလူထု၏ ရန်သူဖြစ်ကြောင်း သတိပေးသည့်အနေဖြင့် ရုပ်ရှင်အစည်းအရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးသတင်းများ ဖော်ပြနေသည့် Rangoon Scout Network​က တယ်လီဂရန်မှတဆင့် အသိပေးထားသည်။

ယင်းစစ်ဆင်ရေးကို ‘ခွေးခေါင်းဓားစက် စစ်ဆင်ရေး ‘ဟု အမည်ပေးထားပြီး စစ်ကောင်စီ ကျင်းပမည့် အကယ်ဒမီပေးပွဲပြုလုပ်မည့်နေ့ နံနက် ၁၁ နာရီခန့်တွင် ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဆောက်အ‌ဦး အား ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“တော်တော်ပြင်းထန်တယ်။ မီးခိုးတွေ မနည်းဘူး။ အသံလည်းတော်တော်ကျယ်တယ်” ဟု ဗဟန်းမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကြီးကြီးမားမားမရှိကြောင်းသိရပြီး မည်သည့်အဖွဲ့ကလုပ် ဆောင်သည်ကို လူထုနွေဦးအနေဖြင့် မသိရသေးပေ။

စစ်ကောင်စီသည် အနုပညာရှင်အမည်ခံများကို လက်ကိုင်တုတ်အဖြစ်အသုံးချ၍ ဝါဒဖြန့်ချိရေးလုပ်ငန်းစဉ်များကို ခေတ်အဆက်ဆက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်သူကို အဆိပ်‌ခတ်နေခြင်းဖြစ်ကြောင်း RSNက ဆိုသည်။

ပြည်သူများအနေဖြင့် မေလ ၆ ရက်တွင်ကျင်းပသည့် အကယ်ဒမီနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုခြင်း ၊ မျှဝေခြင်း မပြုလုပ်ရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားပြီး အကယ်ဒမီနှင့်ပတ်သက်သည့် သတင်းတင်သော မီဒီယာများကိုလည်း သပိတ်မှောက်ရန်တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယမန်နေ့ (ဩဂုတ် ၂၈) နေ့လည်ပိုင်းက “Cheetah Operation” အဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ PRF) က အသိပေးထုတ်ပြန်သည်။

သတင်း

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ထိခိုက်မှုအ​သေးစိပ်ကို မသိရ​သေး​ကြောင်း အ​နောက်ပိုင်းခရိုင်ပကဖ စစ်ဆင်​ရေးတာဝန်ခံက ဆိုသည်။

သတင်း

အထက်ပါစစ်ဆင်ရေးများကို Anonymous Fighters Force -AFF မှ ဦးဆောင်၍ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army - EGA ၊Rangoon Urban Force တို့က...