Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုထပ်ရတဲ့ ဒါရိုက်တာလင်းလင်းရဲ့တော်လှန်ရုပ်ရှင်များ

ယင်းဇာတ်ကားသည် Cannes World Film Festival “Best Educational Film” ဆုရရှိထားသလို Korea International Short Film Festival တွင်လည်း “Best Short Film” ဆုရရှိထားသည်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုထပ်ရတဲ့ ဒါရိုက်တာလင်းလင်းရဲ့တော်လှန်ရုပ်ရှင်များ
နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုထပ်ရတဲ့ ဒါရိုက်တာလင်းလင်းရဲ့တော်လှန်ရုပ်ရှင်များ

အဆိုတော် လင်းလင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် တော်လှန်ရုပ်ရှင်များဖြစ်သည့် လမ်း နှင့် စမှတ် ရုပ်ရှင်များသည် နိုင်ငံတကာရုပ်ရှင်ပွဲတော် နှစ်ခုတွင် ဆုရှစ်ဆု ထပ်မံရရှိခဲ့သည်။

Festigious နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဧပြီအတွက် လမ်း ဇာတ်ကားက “Best Musical ” “Best First Time Director” နှင့် “Best Song” ဆုများရရှိခဲ့ခြင်းဖြစ်ပြီး World Film Carnival Singapore ရုပ်ရှင်ပွဲတော်တွင် “Narrtive Feature” “Best Film Score -Soundtrack” နှင့် “Mobile Film” ဆုများရရှိခဲ့‌ကြောင်း မေလ ၆ရက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကထုတ်ပြန်ထားသည်။

“ကိုလင်းရဲ့တကယ့် fieldဖြစ်တဲ့ musicalနဲ့မို့အရမ်းပျော်သလို သူပထမဆုံးfeatureလေးမို့ အမှတ်တရဖြစ်ရတာမို့ပါ။ဒီနေ့တော့ ပျော်ခွင့် ကြွားခွင့်ပေး..ဆုသေးသေးဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ်” ဟု ချစ်သုဝေက ရေးသားထားသည်။

ယင်းဇာတ်ကားတွင် အနုပညာရှင်များနှင့်အတူ တော်လှန်ရေး ရဲဘော်များလည်း ပါဝင်သရုပ်ဆောင်ထားပြီး Cannes World Film Festival တွင်လည်း “Best Mobile Phone Feature Film” ဆုရရှိထားသည်။

Public Service Announcement

Public Service Announcement

ထို့အတူ ဒါရိုက်တာလင်းလင်း ရိုက်ကူးထားသည့် စမှတ် ရုပ်ရှင်သည် World Film Carnival Singapore တွင် “Short Film ” နှင့် “Free Speech” ဆုများထပ်မံရရှိခဲ့သည်။

ယင်းဇာတ်ကားသည် Cannes World Film Festival “Best Educational Film” ဆုရရှိထားသလို Korea International Short Film Festival တွင်လည်း “Best Short Film” ဆုရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။