Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုထပ်ရတဲ့ ဒါရိုက်တာလင်းလင်းရဲ့တော်လှန်ရုပ်ရှင်များ

ယင်းဇာတ်ကားသည် Cannes World Film Festival “Best Educational Film” ဆုရရှိထားသလို Korea International Short Film Festival တွင်လည်း “Best Short Film” ဆုရရှိထားသည်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုထပ်ရတဲ့ ဒါရိုက်တာလင်းလင်းရဲ့တော်လှန်ရုပ်ရှင်များ
နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုထပ်ရတဲ့ ဒါရိုက်တာလင်းလင်းရဲ့တော်လှန်ရုပ်ရှင်များ

အဆိုတော် လင်းလင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် တော်လှန်ရုပ်ရှင်များဖြစ်သည့် လမ်း နှင့် စမှတ် ရုပ်ရှင်များသည် နိုင်ငံတကာရုပ်ရှင်ပွဲတော် နှစ်ခုတွင် ဆုရှစ်ဆု ထပ်မံရရှိခဲ့သည်။

Festigious နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဧပြီအတွက် လမ်း ဇာတ်ကားက “Best Musical ” “Best First Time Director” နှင့် “Best Song” ဆုများရရှိခဲ့ခြင်းဖြစ်ပြီး World Film Carnival Singapore ရုပ်ရှင်ပွဲတော်တွင် “Narrtive Feature” “Best Film Score -Soundtrack” နှင့် “Mobile Film” ဆုများရရှိခဲ့‌ကြောင်း မေလ ၆ရက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကထုတ်ပြန်ထားသည်။

“ကိုလင်းရဲ့တကယ့် fieldဖြစ်တဲ့ musicalနဲ့မို့အရမ်းပျော်သလို သူပထမဆုံးfeatureလေးမို့ အမှတ်တရဖြစ်ရတာမို့ပါ။ဒီနေ့တော့ ပျော်ခွင့် ကြွားခွင့်ပေး..ဆုသေးသေးဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ်” ဟု ချစ်သုဝေက ရေးသားထားသည်။

ယင်းဇာတ်ကားတွင် အနုပညာရှင်များနှင့်အတူ တော်လှန်ရေး ရဲဘော်များလည်း ပါဝင်သရုပ်ဆောင်ထားပြီး Cannes World Film Festival တွင်လည်း “Best Mobile Phone Feature Film” ဆုရရှိထားသည်။

Public Service Announcement

Public Service Announcement

ထို့အတူ ဒါရိုက်တာလင်းလင်း ရိုက်ကူးထားသည့် စမှတ် ရုပ်ရှင်သည် World Film Carnival Singapore တွင် “Short Film ” နှင့် “Free Speech” ဆုများထပ်မံရရှိခဲ့သည်။

ယင်းဇာတ်ကားသည် Cannes World Film Festival “Best Educational Film” ဆုရရှိထားသလို Korea International Short Film Festival တွင်လည်း “Best Short Film” ဆုရရှိထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

ဆောင်းပါး

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။