Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာသည့်အပြင် အရာရှိများပါသေဆုံး၍ လေကြောင်း တိုက်ခိုက်မှုပိုလုပ်လာနိုင်ဟု CNA ပြော

မေလ ၅ရက်က မတူပီ – ဟားခါးလမ်း အခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ် စခန်းစီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် ၊ ဗိုလ်မှူးတစ်ဦးနှင့် စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတို့ သေဆုံးခဲ့သည်ဟု မတူပီ CDFက ယနေ့ ထုတ်ပြန်ထားသည်။

(CDF(Matupi) Battalion - 1​၏ (၅)ကြိမ်မြောက် အခြေခံစစ်သင်တန်းနှင့် လက်နက်ငယ်သင်တန်းတစ်ခုတွင် တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - CDF မတူပီ)
(CDF(Matupi) Battalion - 1​၏ (၅)ကြိမ်မြောက် အခြေခံစစ်သင်တန်းနှင့် လက်နက်ငယ်သင်တန်းတစ်ခုတွင် တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - CDF မတူပီ)

▪️ဟားခါးမြို့နယ်အတွင်းသို့ ယနေ့ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်

ချင်းပြည်နယ် ဟားခါးမြို့နယ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနေသကဲ့သို့ မတူပီမြို့နယ်တွင်လည်း ယမန်နေ့က မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF) တိုက်ခိုက် ၍ ဗျူဟာမှူးအဆင့်အပါအဝင် အရာရှိ နှစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းမှ ပို၍တိုက်ခိုက်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သုံးသပ်ပြောကြားသည်။

မေလ ၅ရက်က မတူပီ – ဟားခါးလမ်း အခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ် စခန်းစီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် ၊ ဗိုလ်မှူးတစ်ဦးနှင့် စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတို့ သေဆုံးခဲ့သည်ဟု မတူပီ CDFက ယနေ့ ထုတ်ပြန်ထားသည်။

“စစ်ကောင်စီရဲ့ လူကြီးယာဉ်တန်းကို မတူပီ ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ ပစ်ခတ်ပြီးတော့ အဲဒီမှာ ဗျူဟာမှူးရယ် ဗိုလ်မှူးရယ်သူတို့ ကားသမားရယ်ကျသွားပြီးတော့ သေနတ်တစ်လက်ရသွားတာပေါ့။ အဲဒါတွေ ရှိနေတယ်ဆိုတော့ အဲဒီဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုရှိလာနိုင်မယ်လို့ တွက်တာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဗျူဟာမှူးက ဗျူဟာကုန်းမှ တဆင့် မတူပီမြို့အတွင်းသို့ သွားရောက်စဉ် ဒေသကာကွယ်ရေးတပ်က လျှပ်တပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဟားခါးမြို့နယ်တွင်လည်း ဂန့်ဂေါမှ တက်လာသည့် စစ်ကောင်စီ၏ တပ်မ (၇၇) စစ်ကြောင်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဖြစ်ပွားနေသည်။ ယနေ့တွင်လည်း အဆိုပါ ဒေသရှိ မာလ်ဆောမ်ရွာအနီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။ စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်လာကြောင်း ၎င်း ကဆိုသည်။

“တိုက်ပွဲဖြစ်ပြီးတော့ ဗုံးကြဲလေယာဉ်က ၂ခါလာသွားတာပေါ့။ ရွာအပြင်မှာလည်း ကြဲတယ်။ ရွာအထဲမှာလည်း ကြဲတာပေါ့။ အဲဒီမှာ ကျနော်တို့ဘက်က ၂ယောက် အနည်းငယ်စီ ဒဏ်ရာရသွားတယ်။ သူတို့ဘက်ကတော့ ၅ယောက်ကျသွားတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါဒေသ၌ မေလဆန်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိပြီး လက်နက် ၁၀လက်ထက်မနည်းကို ချင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိထားသည်။

ယနေ့မနက်မှ ညနေပိုင်းအထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုမရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ရွာသားများမှာ တိုက်ပွဲဖြစ်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆလိုင်းထက်နီက ပြောသည်။

“သူတို့ကတော့ လေယာဉ် ဖိသုံးလာမယ့်အနေအထားရှိတယ်။ အခု ကလေးမြို့မှာလည်း လေယာဉ်တွေအတွက် ပြင်ဆင်နေတယ်လို့ သတင်းတော့ ကြားရတာပေါ့။”ဟု ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်