သတင်း မကွေးနဲ့ မန္တလေးအစပ်မှာ PLA နဲ့စစ်တပ် တစ်ပတ်အတွင်း တိုက်ပွဲ ၃ကြိမ်ဖြစ်၊ ဒရုန်းတစ်စင်း PLAသိမ်းရ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း နတ်တလင်းမှာ စစ်တပ်က စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေပါ တိုက်ခိုက် ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း ဖားကန့်ကို စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲ စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း ဆားလင်းကြီးက ဝဲကြီးရွာဆိပ်ကမ်း စစ်တပ် ဗုံးကြဲ၊ ကလေးငယ်နဲ့မိခင် ထိမှန်ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း အကျဉ်းကျနေသူ ၃၈ဦးကို မိသားစုနဲ့ ပြန်ပေါင်းစည်းနိုင်ဖို့ KNU လွတ်ငြိမ်းချမ်းသာပေး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဖားအံခရိုင်အတွင်း ဖားအံခရိုင် အကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသား ၃၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း သင်္ကြန်ရထားလက်မှတ် တန်းစီဝယ်ယူသူများနေ သင်္ကြန်ရုံးပိတ်ရက်ရှည်အတွက် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားက အထူးရထားတွေပြေးဆွဲပေးပေမယ့် ရောင်းချပေးတဲ့ကြိုတင်လက်မှတ်အရေအတွက်နည်းတာကြောင့် လက်မှတ်ရဖို့ တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေ အဆင်မပြေမှု ကြုံနေရပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း အရာတော်မှာ စစ်တပ်က ဘုန်းကြီးကျောင်း ၃ကျောင်းကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ပါး ဒဏ်ရာရ၊ သာသနိက အဆောက်အအုံတွေ ပျက်စီး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း လူသေဆုံးမှုများတဲ့ စက်ရုံပေါက်ကွဲမှု စုံစမ်းစစ်ဆေးပြီးထုတ်ပြန်မယ်လို့ ဝတပ်UWSAထုတ်ပြန် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း ရွှေကျင်နယ်မှာ စစ်တပ်လေကြောင်း တိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) ဆောထိ(ရွှေကျင်)မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း သံဖြူဇရပ်မြို့နယ်က စစ်တပ်စခန်းကို RMA ပူးပေါင်းတပ် တိုက်ခိုက်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 10, 2026