Connect with us

Hi, what are you looking for?

သတင်း

အရာတော်မှာ စစ်တပ်က ဘုန်းကြီးကျောင်း ၃ကျောင်းကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ပါး ဒဏ်ရာရ၊ သာသနိက အဆောက်အအုံတွေ ပျက်စီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

(ကမ်းပြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-Thu Thu)

ဧပြီ ၉၊ ၂၀၂၆။ ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

မနေ့က ဧပြီ ၈ ရက် ညနေ ၄ နာရီ ၁၇မိနစ်ခန့်က အရာတော်မြို့နယ် ကမ်းပြူကျေးရွာက ဘုန်းတော်ကြီးကျောင်း ၃ကျောင်းကို ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဒေသခံများက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်းရှိ သံဃာတော် (၂)ပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံတွေနဲ့ သာသနာ့နယ်မြေအတွင်းရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမခတပ်ကနေ အသေခံဒရုန်း (၃)စင်းနဲ့ လေကြောင်းတိုက်ခိုက်သွားတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီ ၇ရက်ကလည်း အသေခံဒရုန်းနှစ်စင်းနဲ့ ဒီပဲယင်းမြို့နယ် တနေရာကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဧပြီ ၆ ရက်ကတော့ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတစ်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စာသင်ကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ရာ စာသင်ပေးတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ကလေးငယ်တွေပါ ထိခိုက်မှုရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေကျေးရွာတွေကို ဒရုန်းတွေ အသုံးပြုကာ ဆက်တိုက်တိုက်ခိုက်နေခြင်းကြောင့် တော်လှန်ပြည်သူများအနေနဲ့ စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် အမြဲမပြတ် ဂရုပြုနေထိုင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။