Connect with us

Hi, what are you looking for?

သတင်း

မကွေးနဲ့ မန္တလေးအစပ်မှာ PLA နဲ့စစ်တပ် တစ်ပတ်အတွင်း တိုက်ပွဲ ၃ကြိမ်ဖြစ်၊ ဒရုန်းတစ်စင်း PLAသိမ်းရ

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

(PLA ရဲဘော်တွေနဲ့ သိမ်းဆည်းရမိခဲ့တဲ့ ဒရုန်း ဓာတ်ပုံ-PLA)

​ဧပြီ−၉၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ရမည်းသင်းမြို့နယ်၊ လွှစင်ကျေးရွာကနေ မတ်လ ၃၀ရက်က စတင်ထွက်ခွာလာတဲ့ အင်အား ၈၀ခန့်ပါ စစ်တပ်စစ်ကြောင်းကို PLAက တစ်ပတ်အတွင်း ၃ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ဧပြီ ၁ရက် နေ့လယ်ပိုင်းမှာ မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး ရဲဘော်တွေရဲ့ မျက်မြင်အရ စစ်ကောင်စီတပ်သား ၃ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PLA က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၃ရက် မနက် ၁ဝ နာရီခွဲလောက်မှာလည်း နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာအနီးမှာ ၁၅မိနစ်ခန့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ PLAက ဆိုပါတယ်။

ဧပြီ ၇ရက်မှာတော့ နတ်မောက်မြို့နယ်၊ ကန်သာရွာအနီးမှာ ထပ်မံ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အဆိုပါဒရုန်းကို PLAက ပစ်ချနိုင်ခဲ့ပြီးသိမ်းဆည်းရရှိခဲ့တယ်လို့ PLAက ထပ်မံအသိပေးပါတယ်။

​ဒရုန်းအပြင် ဆေးဝါးအချို့နဲ့ ခဲယမ်းအနည်းငယ်၊ စစ်အသုံးအဆောင် ပစ္စည်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ကို ဆက်သွယ်မေး​​မြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

​စစ်ကောင်စီတပ်စစ်ကြောင်းဟာ မန္တလေးနဲ့ မကွေးနယ်စပ်တစ်လျှောက် စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နတ်မောက်နယ်ထဲမှာပဲ အောင်လံမြို့အခြေစိုက် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၁၇ )က စစ်ကြောင်းတစ်ကြောင်းနဲ့ နေပြည်တော်ကလာတဲ့စစ်ကြောင်းတွေနဲ့ အခြား

ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဧပြီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

အခုနှစ်ဆန်းပိုင်းက နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ စစ်တပ်ရဲ့အရာရှိအဆင့်တွေအပါအဝင် ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲအရာရှိ ယာဥ်တန်းတိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်