Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကို စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲ

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။

ဧပြီ-၉၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။

ဒီနေ့ မွန်းလွဲ ၂နာရီ ၄မိနစ်ကနေ ၂နာရီ၃၀မိနစ်အတွင်း အမှိုက်ပုံကျေးရွာပတ်ဝန်းကျင်ကို ဗုံးကြဲတာဖြစ်ပြီး ဂျက်ဖိုက်တာတွေကို KIA၊ KPDFက ပြန်ပစ်ခတ်တယ်လို့ သိရပါတယ်။

“တော်တော်နိမ့်နိမ့်ကို ဆင်းပစ်တာ။ အောက်ကလည်း ပြန်ပစ်တယ်။ ဗုံးမကြဲခင်က တိုက်ပွဲမဖြစ်ဘူး။ မနက်ကတော့ ပေါက်ကွဲမှုနှစ်ခါဖြစ်တယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် အထိအခိုက်သတင်းကို အတည်မပြုနိုင်သေးပါဘူး။

ဖားကန့်မှာ ဧပြီ ၂ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီရှေ့တန်းစခန်း ၆ခုကို KIA၊KPDFက သိမ်းယူထားပြီး စစ်ရေးဆက်လက်တင်းမာနေတာဖြစ်ပါတယ်။ ဧပြီ ၂ရက်က တိုက်ပွဲစတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့အပါအဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်ကောင်စီကလည်း လမ်းပိုင်းအချို့ကို ကန့်သတ်ထားပါတယ်။

လက်ရှိမှာ ဖားကန့်ကို စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်နေပြီး KIA၊KPDFထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကြောင်းထိုးလာနိုင်လို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သတိပေးချက်တွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။