Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမှာ စစ်တပ်က စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေပါ တိုက်ခိုက်

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ နတ်တလင်းက ပြည်သူတွေ။ ဓာတ်ပုံ - ပေးပို့)

ဧပြီ-၉၊ ၂၀၂၆။ People’s Spring

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဧပြီ ၉ ရက် မနက် ၁၁ နာရီကျော်အချိန်မှာ စစ်တပ်က နတ်တလင်းမြို့နယ်ထဲက ကျွန်းလေးပင်နဲ့ ချောင်းကမ်းကြီးကျေးရွာကို ပါရာမော်တာနဲ့ ဗုံးကြဲချတာတွေလုပ်ဆောင်ခဲ့တာပါ။

“ပါရာမော်တာ၃စီးနဲ့ ၈လုံးချသွားပါတယ်။ ကျွန်းလေးပင်ရွာ ချောင်းကမ်းကြီးရွာတွေကိုပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၅ ရက် မနက်ပိုင်းမှာ နတ်တလင်းမြို့ဘက်က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နတ်တလင်းမြို့နယ် ၊ ကန်သာယာကျေးရွာအတွင်းကို ဝင်ရောက်လာပြီး ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီနောက် ပဲမခမ်းကျေးရွာကိုလည်း ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အချက်ရေ ၅၀ ကျော်ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၆ ရက်မှာ စစ်တပ်စစ်ကြောင်းဟာ ပဲမခမ်းကျေးရွာဘက်ကို စစ်ကြောင်းထိုးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

စစ်ကြောင်းထိုးနေချိန်မှာလည်း စစ်တပ်တပ်ဖွဲ့ဝင်တွေက စက်တပ်လေထီး၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပဲမခမ်းကျေးရွာအတွင်း ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ပဲမခမ်းကျေးရွာက ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းဟာ ပဲမခမ်းကျေးရွာကနေ ဆက်ပြီး စစ်ကြောင်းထိုးဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပဲမခမ်းရွာကို လက်နက်ကြီး ဒရုန်း ပါရာမော်တာတွေနဲ့ ရွာကြေအောင်လုပ်ပြီးဝင်လာတာပါ။ ပဲမခမ်းပြီးတော့ သာယာကုန်းရွာထဲ ထပ်ဝင်ပါတယ်။ သာယာကုန်းရွာကနေ ချောင်းကမ်းကြီး ကျွန်းလေးပင်ရွာတွေကို လက်နက်ကြီး ဒရုန်း ပါရာမော်တာတွေနဲ့ ဆက်ပစ်ပြီးရှေ့ကိုဆက်တိုးလာနေပါတယ်”လို့ ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ အင်အားတွေကို ဖြန့်ကျက်ပြီး သာယာကုန်း၊စန်ကြီးလောင့်ဘက်၊ ငုတ်တရာ စတဲ့ကျေးရွာတွေဘက်ကနေ စစ်ကြောင်းသုံးနဲ့ စစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။

“သာယာကုန်းရွာဝင်နေတဲ့စစ်ကြောင်းက ချောင်းကမ်းကြီး ကျွန်းလေးပင်ရွာတွေကို လက်နက်ကြီးတွေနဲ့ချေနေပါပြီ။ စန်ကြီးလောင့်ဘက်က စစ်ကြောင်းကလဲ ညောင်ဝိုင်း၊ ခွေးသေရွာတွေကို လက်နက်ကြီး ဒရုန်းများနဲ့ချေနေပါတယ် ရွာတွေကြေမွပျက်စီးနေပြီ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ ဒရုန်း နဲ့လေကြောင်းကနေ ဗုံးကြဲမှုတွေကြောင့် ပဲမခမ်း၊ ကန်သာယာ၊ သာယာကုန်း၊ ချောင်းကမ်းကြီး၊ ကျွန်းလေးပင်၊ စန်ကြီးလောင့်၊ ညောင်ဝိုင်း၊ ခွေးသေ၊ သရက်ပင်ကံရိုး၊ ဖလံပင်၊ ရှားစေဘို ၊ ကျောက်ဆွယ်၊ ကျောက်ခွက်၊ လယ်မအင်း၊ မကျီးပင်၊ အိုးဖိုကုန်း၊ ဘန့်ဘွေးကုန်း စတဲ့ကျေးရွာက ဒေသခံထောင်ချိီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ထောင်နဲ့ချိီတဲ့ စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေလိုအပ်လျက်ရှိတယ်လို့ ကူညီသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။