Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်မြို့နယ်က စစ်တပ်စခန်းကို RMA ပူးပေါင်းတပ် တိုက်ခိုက်၊

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

(ရာမညမွန်တပ်တော်(RMA)ကရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - RMA)

ဧပြီ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၇ရက် မနက်စောမှာ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရာမညမွန်တပ် တော် (RMA)တပ်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ဟု ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ဆင်ရေးကို ရာမညမွန်တပ်တော် တပ်ရင်း(၉၀၄)နဲ့အတူ သံဖြူဇရပ်ဒေသတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့ကြောင်း အသိပေးပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေတွေ ထပ်မံ မေးမြန်းဖို့ RMA တာဝန်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

RMAဟာ ဧပြီ ၄ရက် ညနေပိုင်းကလည်း မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းနဲ့ ကွမ်လှာရွာကြားက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

RMA အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်တွေနဲ့ ပူးပေါင်းပြီးလည်း စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သား ၆ဦးထက်မနည်းသေ၊ လက်နက် ၁၁လက်ရ