Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်နယ်မှာ စစ်တပ်လေကြောင်း တိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဆောထိ(ရွှေကျင်)မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ထုတ်ပြန်ပါတယ်။

ရွှေကျင်နယ်မှာ စစ်တပ်လေကြောင်း တိုက်ခိုက်လို့ ထိခိုက်သူကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဧပြီ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဆောထိ(ရွှေကျင်)မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် ညောင်ပင်ကြီးကျေးရွာသစ်ကို စစ်ကောင်စီတပ်က ဧပြီ ၄ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတာလို့ အသိပေးပါတယ်။သေဆုံးသူနဲ့ ဒဏ်ရာရသူ ၃ဦးဟာ အမျိုးသားတွေဖြစ်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ညောင်လေးပင်ခရိုင်အတွင်းက ရွှေကျင်(ဆောထိ)၊ လယ် ဒို(ကျောက်ကြီး) မူး(မုန်း) စတဲ့ မြို့နယ်တွေကို လေကြောင်း ဒရုန်း ၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ နေ့စဉ် ရက်ဆက် ပြုလုပ်နေလို့ ဒေသတွင်း အရပ်သား ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေအတွင်း အဲဒီလိုတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မတ်လကုန်ပိုင်းနဲ့ ဧပြီလ ပထမပတ်အတွင်း KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် စတဲ့ ဒေသတွေက အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် မြိတ်ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သပြူချောင်းရွာက စာသင်ကျောင်း ပျက်စီးခဲ့သလို တနင်္သာရီ မြို့နယ်ပ၀ပိန်းတောကျေးရွာက ပြည်သူလူထုနေအိမ်ပျက်စီးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် သထုံခရိုင် ဘီးလင်းမြို့နယ် လေးကေရွာက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်များ ပျက်စီးခဲ့ရသလို ညောင်လေးပင်ခရိုင် လယ်ဒိုနဲ့ မူးမြို့နယ်က ပြည်သူအချို့ ထိခိုက်ဒဏ်ရာရတာရှိခဲ့ပါတယ်။

‎

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook