Hi, what are you looking for?
၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
ယမန်နေ့ (ဇူလိုင်လ၂၄)နေ့က မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာတွင်လည်း စစ်ကြောင်းတစ်ခုက ဝင်ရောက်မွှေနှောက်ကာ အိမ်များကို ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။