Connect with us

Hi, what are you looking for?

သတင်း

၈ လေးလုံး ထီးသပိတ်မှာ ပါခဲ့တဲ့ လူငယ် ၂ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီသတင်းထုတ်လာ

အဲဒီပုံထဲမှာ လူငယ် ၂ ဦးကိုဖမ်းဆီးထားပြီး လူငယ်တစ်ဦးမှာဆိုရင် ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေကိုတွေ့မြင်ရပါတယ်။

၈ လေးလုံး ထီးသပိတ်မှာ ပါခဲ့တဲ့ လူငယ် ၂ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီသတင်းထုတ်လာ
၈ လေးလုံး ထီးသပိတ်မှာ ပါခဲ့တဲ့ လူငယ် ၂ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီသတင်းထုတ်လာ

၈ လေးလုံးအရေးတော်ပုံ ထီးသပိတ် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင် ၂ဦး ဖမ်းမိထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။

ထီးသပိတ်လှုပ်ရှားမှုကိုပြုလုပ်ခဲ့တဲ့ လူငယ်အချို့ ဖမ်းခံရတယ်လို့ သြဂုတ်လ ၂၀ ရက်ဝန်းကျင်မှာ သတင်းတွေထွက်ပေါ်ခဲ့ပြီး နောက် ဒီရက်ပိုင်းမှာ စစ်တပ်လော်ဘီတွေ သုံးတဲ့ လူမှုကွန်ရက်အကောင့်တွေက နေ ဖမ်းမိတဲ့ပုံတွေကို ဖော်ပြလာတာတွေ့ရပါတယ်။

အဲဒီပုံထဲမှာ လူငယ် ၂ ဦးကိုဖမ်းဆီးထားပြီး လူငယ်တစ်ဦးမှာဆိုရင် ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေကိုတွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၈ လေးလုံး အရေးတော်ပုံ ၃၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ရဲ့အထင်ကရနေရာတွေဖြစ်တဲ့ ဆူးလေ လူကူးဂုံးတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ဘောင်နဲ့ လှည်းတန်းနေရာအနှံ့အပြားမှာ ‘၈’ လေးလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။